<div style='background-color: none transparent;'></div>

Wednesday, January 15, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်နေအိမ်တွင် ဗုံးပေါက်ကွဲ

ထိုင်းဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်၏ နေအိမ်အတွင်းသို့ အင်္ဂါနေ့ ညသန်းခေါင်အချိန်တွင် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ပစ်သွင်းခဲ့ကြောင်း ဇန်န၀ါရီ ၁၅ ရက်က ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆူခန်းဗက်လမ်း အမှတ် ၃၁ နေအိမ်အဆောက်အအုံဝင်းထဲသို့ ပေါက်ကွဲစေတက်သော ပစ္စည်းများ ပစ်သွင်းခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။ ပေါက်ကွဲမှုကြောင့် အဘီစစ် ဖခင်နေအိမ် ခေါင်မိုးနှင့် ပြတင်းပေါက်များ ပျက်ဆီးသွားခဲ့သည်ဟု ရဲကဆိုသည်။

အဘီစစ်သည် ယင်းခြံဝင်းအတွင်း ဖခင်နှင့် အတူနေသည်။ သို့သော် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဘီစစ်နှင့် ၎င်း၏ မိသားစုသည် နေအိမ်တွင် မရှိကြပေ။ သံသယရှိသူဟု ယူဆထားသူ လေးဦးကို ဖမ်းဆီးထားသော်လည်း နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဘန်နခရိုင်ရဲမှူးကြီးက ပြောကြားသည်။ ယင်းလေးဦးအနက် တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ယင်းနေရာသည် ဆန္ဒပြသူများများ စခန်းချထားသော နေရာလည်းဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...