နှစ်စဉ်နွေရာသီတွင် ရေအားလျှပ်စစ်မှ ထွက်ရှိသော ဓာတ်အားရရှိမှု
လျော့နည်းပြီး လျှပ်စစ်မီး ပြတ်တောက်လေ့ရှိသော ရန်ကုန်မြို့တော်အတွက်
သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ခြောက်လုံးမှ ထွက်ရှိသော
လျှပ်စစ်ဓာတ်အားကို အသုံးပြုကာ ၂၄ လျှပ်စစ်နာရီ မီးပေးနိုင်ရန်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောကြားသည်။
ရွာမ၊ လှော်ကား၊ အလုံနှင့် သာကေတရှိ ပုဂ္ဂလိက သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေး စက်များမှ လျှပ်စစ်ဓာတ်အား ၅၀ မဂ္ဂါဝပ်စီ ထွက်ရှိမည်
ဖြစ်ပြီး ထိုင်းနိုင်ငံမှ လှူဒါန်းထားသော သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေး စက်နှစ်လုံးမှ လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်
စီထွက်ရှိမည် ဖြစ်သောကြောင့် စုစုပေါင်း ၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သဖြင့်
၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပြည်သူတွေက မနှစ်ကထက် ဒီနှစ် လျှပ်စစ်ဓာတ်အား ပိုသုံးလာမှာပါ။ မနှစ်က
အများဆုံး သုံးတဲ့နေ့က ၈၅၀ မဂ္ဂါဝပ် ရှိပါတယ်။ ဒီနှစ်မှာ ၁၀၀၀ မဂ္ဂါဝပ်အထိ
ရှိလာနိုင်တယ်။ ဒီအတွက် ပြင်ဆင်နေတာပါ” ဟု ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ဆိုသည်။
ရန်ကုန်မြို့တော်ကို ၂၄ နာရီ မီးပေးနိုင်ရန် စီစဉ်ထားပြီး ကြိုတင်
စီမံထားသော လျှပ်စစ်ဓာတ်အားထက် ပိုမိုသုံးစွဲပါက အလှည့်ကျ မီးပေးစနစ်ကို
မသုံးဘဲ ပြည်သူများ မီးသုံးစွဲမှု အများဆုံးဖြစ်သော ညနေ ၅ နာရီမှ ည ၁၁
နာရီအထိ စက်မှုဇုန်များကို မီးဖြတ်တောက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်
ပြောကြားသည်။
ထိုင်းနိုင်ငံမှ လှူဒါန်းထားသော သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေး စက်များကို တည်ဆောက်နေပြီး တစ်လုံးကို ဖေဖော်ဝါရီလတွင်
စတင်အသုံးပြုနိုင်မည်ဖြစ်ကာ အခြားတစ်လုံးကို ဧပြီလတွင် အသုံးပြုနိုင်မည်
ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
by the voice weekly
Wednesday, January 15, 2014
လာမည့် နွေရာသီ ရန်ကုန်တွင် လျှပ်စစ်မီး၂၄ နာရီ ပေးမည်ဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...