<div style='background-color: none transparent;'></div>

Thursday, January 16, 2014

အသံထက် မြန်သည့် ဒုံးကျည်တစ်မျိုးကို တရုတ် စမ်းသပ် ပစ်လွှတ်

အသံထက် အဆပေါင်းများစွာ မြန်အောင် သွားလာနိုင်သည့် ဒုံးကျည်တစ်မျိုးကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွှတ် နိုင်ခဲ့ ကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားလိုက်ကြောင်း ဇန်နဝါရီ ၁၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုစမ်းသပ်မှု ကြောင့် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု ပြီးနောက် အသံထက်မြန်သော ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာသည်။ ထိုနည်းပညာကြောင့် စစ်တပ်များသည် ကမ္ဘာ့ မည်သည့် အစိတ်အပိုင်းမဆို မိမိရန်သူ တည်ရှိရာကို အချိန်တိုတွင်း လျှင်မြန်စွာ တိုက်ခိုက်နိုင် လာမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခြင်းကြောင့် စစ်ရေးအင်အားကိုပါ တိုးမြင့်လာစေပြီး တိုက်လေယဉ်တင် သင်္ဘောများ၊ စစ်သင်္ဘေပစ် ဒုံကျည်များ နှင့် ဂြိုလ်တုများ စသည့် စက်ပစ္စည်များတွင် ပိုမို ရင်းနှီးလာနိုင်စေ ခဲ့ပါသည်

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...