<div style='background-color: none transparent;'></div>

Thursday, January 16, 2014

ပေါက်တောတွင် လူတစ်ဦး ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဝါးလန်ကုန်း ကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က အသက် ၅၄ နှစ်အရွယ်ရှိ တောင်ယာလုပ်သူတစ်ဦး ဦးခေါင်းတွင် ပြတ်ရှကွဲပေါက် ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲစခန်းမှ တာဝန်ရဲကျ အရာရှိတစ်ဦးက ပြောကြားသည်။

အသတ်ခံရသူမှာ ဦးစောမောင် ဆိုသူဖြစ်ပြီး တောင်ယာ လုပ်ငန်းခွင်မှ ပြန်မလာသဖြင့် ဇနီးဖြစ်သူ အဆိုပါ နေရာသို့ သွားရောက် ကြည့်ရှုရာ ဦးစောမောင်ကို မတွေ့ရဘဲ ဘင်္ဂါလီဘာသာစကားဖြင့် လူအချို့ စကားပြောဆိုသံ ကြားသဖြင့် ရွာသို့ ထွက်ပြေးလာခဲ့ကြောင်း၊ ကျေးရွာမှ လူငါးဦးကိုခေါ် ယင်းနေရာသို့ ပြန်လည် သွားရောက်ခဲ့ရာ ဦးစောမောင် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များကို အခြေခံကာ ၎င်းကဆိုသည်။

သေဆုံးသူ၏ အလောင်းကို ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စစ်ဆေးနေပြီး အဆိုပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပေါက်တောမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...