စတင်အသုံးပြုနိုင်ပြီဖြစ်သော မိုဘိုင်းဘဏ်စနစ် (Mobile Banking) မှတ်ပုံတင်ရန်အတွက် သုံးလအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရသည်။ “လက်ရှိ လာရောက်မှတ်ပုံတင်ပြီးအသုံးပြုမယ်ဆိုရင်တော့ ငွေလွှဲရင် ငွေလွှဲခပေးရမှာမဟုတ်တဲ့အတွက် ငွေလွှဲခသက်သာမယ်။ ပြီးတော့ မှတ်ပုံတင်ကြေးသုံးထောင် သက်သာမှာဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ မေးမြန်း သိရှိရသည်။ ငွေလွှဲနှုန်းထားများအနေဖြင့် မြို့တွင်းဆိုပါက တစ်ကြိမ်လွှဲခြင်းအတွက် ၅၀၀ ကျပ် သတ်မှတ်ထားပြီး နယ်ဆိုပါက တစ်ရာလျှင် ၁၅ ပြားနှုန်းဖြစ်ကြောင်း မေးမြန်းသိရှိရသည်။ မိုဘိုင်းဘဏ်စနစ် အသုံးပြုလိုသူများအနေဖြင့် အကောင့်ဖွင့်ခြင်းအတွက် ဝန်ဆောင်ခ သုံးထောင်ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် ပေးဆောင်ရန် လိုအပ်မည် မဟုတ်ပေ။ ငွေကြေး တစ်ကြိမ်လွှဲပို့ပါက ငါးသိန်းကျပ် လွှဲပို့နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဆယ်သိန်းကျပ်အများဆုံး လွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စနစ်အသုံးပြုလိုသူများအနေဖြင့် မိုဘိုင်းဖုန်းတွင် အင်တာနက်ရှိရမည်ဖြစ်ပြီး သမဝါယမဘဏ်တွင် Saving အကောင့် (သို့မဟုတ်) Current အကောင့်ရှိရမည်ဖြစ်သည်။ မိမိဖုန်းဖြင့် ငွေလွှဲပါက အလွှဲခံရသူတွင် မိုဘိုင်းဘဏ်စနစ်ရှိရန်မလိုအပ်ဘဲ သမဝါယမဘဏ်တွင် အကောင့်တစ်ခုခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းရှိရုံဖြင့် အဆိုပါ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့ကို ယူဆောင်ကာ နီးစပ်ရာသမဝါယမဘဏ်ခွဲတွင် သွားရောက်မှတ်ပုံတင်ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုများအနေဖြင့် မိုဘိုင်းဖုန်းအတွင်း Application များ ထည့်သွင်းကာ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများကို Mobile Web Browser မှ တစ်ဆင့် မိမိဖုန်းဖြင့်သုံးစွဲခြင်း၊ အကောင့် အချက်အလက်များကို SMS Command များသုံးကာ ကြည့်ရှုစစ်ဆေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မိုဘိုင်းဘဏ်စနစ် လာရောက် ဆောင်ရွက်သူများအနေဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန် မလိုအပ်ဘဲ လစဉ်ကြေး၊ နှစ်စဉ်ကြေးများလည်း ပေးဆောင်ရန်မလိုအပ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် သမဝါယမဘဏ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ နီးစပ်ရာ သမဝါယမ ဘဏ်ခွဲများတွင် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစနစ် ထည့်သွင်းခြင်းကို နေ့ချင်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေးမြန်းသိရှိရသည်။
ထွန်းထွန်း
by myanmarinternetjournal
Tuesday, January 21, 2014
မိုဘိုင်းဘဏ်စနစ် သုံးလအတွင်း အခမဲ့မှတ်ပုံတင်နိုင်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...