တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ရွှေမယင်းချောင်းအတွင်းမှ
အသတ်ခံထားရသည့် လူသေ အလောင်းတစ်ခုကို ဇန်န၀ါရီ ၁၉ ရက် မွန်းလွဲက
တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
လူသေအလာင်းတွေ့ရှိကြောင်း မွန်းလွဲ ၁ နာရီချိန် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ရာတွင် အသက် (၃၀)နှစ်အရွယ်ရှိ အမည်မသိ လူသေ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အသတ်ခံထားရသူမှာ အရပ် ငါးပေလေးလက်မခန့်၊ ခန္ဓာကိုယ် တုတ်၊ အသားညို၊ အားကစားအင်္ကျီ (ပြာနုရောင်)၊ အားကစားဘောင်းဘီ(အညိုရောင်)၀တ်ဆ
ထို့ပြင် ၀ဲဘက်လက်ဖျံတွင် ကနုတ်ပုံ၊ ရောမစာများ ဆေးမင်ကြောင်ထိုးထားပြီး
ယာနားထင်ထိုးသွင်း ဒဏ်ရာ၊ ၀ဲနားထင် ထိုးသွင်းဒဏ်ရာ၊ ယာမျက်ခုံးပြတ်ရှဒဏ်ရာ၊
မေးစေ့ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်နဖူးပြတ် ရှဒဏ်ရာ၊ ၀ဲနားပွန်းခြစ်ဒဏ်ရာတို့
ရရှိပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
ထို့ကြောင့်
အလောင်းကို တွံတေးဆေးရုံသို့ တင်ပို့ပြီး တရားခံအား စုံစမ်းဖမ်းဆီးရန်
ဒု-ရဲအုပ် ရန်နိုင် ထွန်းက တရားလိုပြု လုပ်တိုင်တန်းထားသည်။
ယင်းတိုင်တန်းချက်ကြောင့် ရဲစခန်းက (ပ)၂၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန်သူအား ရှာဖွေ ဖော်ထုတ်နေကာ ဖမ်းမိပါက ပုဒ်မ ၃၀၂ ဖြင့်
အရေးယူမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
by mizzima
Tuesday, January 21, 2014
တွံတေး၊ ရွှေမယင်းချောင်းထဲတွင် အသတ်ခံထားရသည့် လူသေအလောင်း တွေ့ရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...