ရဲဝန်ထမ်းသုံးရာကျော်ဦးဆောင်ကာ
ယင်းသို့ဖျက်ဆီးရာတွင် ရဲဝန်ထမ်းများသာမက စည်ပင်ဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း ပါဝင်သည်ဟု ကျူးကျော်နေထိုင်သူများက ပြောသည်။
“ရဲဝန်ထမ်း ၃၀၀ လောက်နဲ့ မနက်အစောကြီး အိမ်တွေကို ဓားတွေနဲ့ ၀င်ခုတ်တယ်၊
ဖြိုလှဲပစ်တယ်၊ ဖယ်ပေးရမယ် ပြောတယ်။ အဲဒီတော့ အသနားခံပြောပြီး
ကိုယ့်ပစ္စည်းလေးတွေကို ထုပ်ပိုးထားရတယ်။ ဘာ မှအကြောင်းကြားပြီး
ဖျက်တာလည်းမဟုတ်ဘူး။ အတင်း ဓားတွေနဲ့ဝင်ခုတ်တာ”ဟု လှိုင်သာယာမြို့နယ် ၅
ရပ်ကွက်မှ ပြောင်းရွှေ့နေထိုင်သူ ဒေါ်သီတာအောင်က မဇ္ဈိမကို ပြောသည်။
နံနက်အစောပိုင်းအချိန် ၀င်ရောက်ဖျက်ခြင်းဖြစ်ရာ မိသားစုများကိုနှိုးကာ
တဲပေါ်မှဆင်းခိုင်းပြီး လိုက်လံ ဖျက်ဆီးသွားသည့်အတွက်
တဲအိမ်ပေါ်ရှိပစ္စည်းများ သိမ်းယူချိန်ပင်မရလိုက်ဟု ၎င်းက ပြောသည်။
ကျူးကျော်နေထိုင်သည့်အိမ်ခြေပေါ
တွံတေးတံတားနှင့် အနည်းငယ်ဝေးသော သောင်ထွန်းမြေများနှင့်
ဒေသခံပိုင်ခြံမြေများတွင် ကျူးကျော် ၀ါးတဲအချို့ကိုမူ နံနက် ၁၁
နာရီကျော်အထိ ၀င်ရောက်ဖျက်ဆီးထားခြင်း မရှိသေးပေ။
“ဒီမှာအဘွားလာနေတာ တစ်လတောင် မပြည့်သေးဘူး ။ ဒီမှာနေခွင့်ရဖို့အတွက်
ဒီမိုကရက်တစ်ပါတီက ကျော်ထက်နိုင်ဆိုတဲ့လူကို ပိုက်ဆံတစ်သောင်း ပေးရတယ်။
ပြေစာပေးပြီးတော့ ဒီမှာ အိမ်ဆောက်တာ နှစ်သိန်းလောက်ကုန်တယ်။ အခု
အိမ်ကိုဓားနဲ့ခုတ်ပြီး ဖျက်ဆီးခံရတယ်”ဟု ဒေါ်ပဲဝါးက ဆိုသည်။
ကျူးကျော်နေထိုင်သည့် အိမ်များကို ဖျက်ဆီးထားရာတွင် တချို့အိမ်များသည်
ဖယိုဖရဲ ပြိုလဲနေကြပြီး တချို့မှာ တစ်စစီဖျက်ဆီးကာ
ပစ္စည်းများစုပုံထားသည်ကို တွေ့မြင်ရသည်။ ထိုသို့သောပျက်စီးနေသည့်
အိမ်များကြားတွင် ပစ္စည်းထုပ်များကို ထမ်းရွက်ပြီး တွံတေးလမ်းမကြီးဘေးတွင်
အုပ်စုလိုက် ထိုင်နေကြ သည်။
ကျူးကျော်နေထိုင်အိမ်များကို
ဖျက်ဆီးရခြင်းနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက
“ကျွန်တော်တို့က အထက်ကညွှန်ကြားထားတဲ့အတိုင်း ကျူးကျော်တွေကို
ဖယ်ရှားခိုင်းတယ်။ နေရာ ဘယ်လိုပြန်ချထားပေးမလဲ ဆိုတာရယ်၊
ဘယ်လိုတာဝန်ယူမှာလဲဆိုတာကိုတော့
ရဲတပ်ဖွဲ့နှင့်အတူ ၀င်ရောက်ဖျက်ဆီးသည့် ဒေသခံများက ကျူးကျော်တဲများ၏ ၀ါး၊
ထရံများနှင့် အမိုးအ ကာများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ဖျက်ဆီးခံရသူ
ကျူးကျော်များက ဆိုသည်။
အ၀ါရောင်ဝတ်စုံ ၀တ်ဆင်ထားသော
စည်ပင်ဝန်ထမ်းများ၊ ရဲသားများနှင့်အတူ ကျူးကျော်များကို ဖျက် ဆီးရန်အတွက်
အကူညီတောင်းထားသော အနီးဝန်းကျင်မှ ရွာသားများသည် တုတ်များ၊ ဓားလက်နက်
များကို ကိုင်ဆောင်ထားကြပြီး ကျန်ရှိကျူးကျော်တဲများ ဆက်လက်ဖျက်ဆီးရန်
တိုင်ပင်နေကြသည်ဟု လည်း ဒေသခံများက ဆက်ပြောသည်။
ကျူးကျော်နေထိုင်နိုင်ရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ) လှိုင်သာယာတာဝန်ခံ
ကိုကျော်ထက်နိုင်ထံ ပြေ စာရရှိမည်ဆိုသည့်အတွက် ငွေကျပ်တစ်သောင်းပေးပြီး
နေထိုင်ခဲ့သည်ဟု စတင်နေထိုင်စဉ် ဒီဇင်ဘာလ အတွင်းက ငွေကြေးပေးချေခဲ့ရသော
ကျူးကျော်များက မဇ္ဈိမကို ပြောသည်။
“အစ်မတို့ဒီနေရာမှာနေဖို့အတွက်က
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေက “ကျော်ထက်နိုင်ဆိုတာ ဦးတို့ပါတီက ဟုတ်တယ်
မဟုတ်ဘူးဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဦးတို့ပါတီက ပိုက်ဆံတောင်း
အကူညီပေး မယ်ဆိုတဲ့အလုပ်မျိုး မလုပ်ပါဘူး။ အဲဒီလိုလုပ်ခဲ့တဲ့
ပါတီဝင်တွေရှိခဲ့ရင်လည်း အရေးယူသွားမှာပါ”ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
ကျူးကျော်များထံ ငွေကြေးတောင်းခံခြင်းနှင့်ပတ်သက
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅
ရက်တွင် ပန်းလှိုင်မြစ်ဘေးတွင် ကျူးကျော်များ စတင်
ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဒေသခံများနှင့်
အပြန်အလှန်ရိုက်နှက်မှုများကြောင
ဒေသခံလယ်သမားများက ဥပဒေမဲ့ကျူးကျော်နေထိုင်သူများက
by mizzima
Wednesday, January 15, 2014
ရဲတပ်သား ၃၀၀ ကျော် ကျူးကျော်တဲ ၃,၀၀၀ ကို ဖြိုဖျက်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...