<div style='background-color: none transparent;'></div>

Wednesday, January 22, 2014

အင်ဂျင်နီယာတပ်ဆွယ် ဂိုဒေါင် မီးလောင်မှု တာဝန်ခံကို စစ်ခုံရုံးတင်မည်

မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်၊ Ocean Centre အနီး အမှတ်(၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဆွယ်တွင် ဇန်န၀ါရီ ၂၀ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်က ဂိုဒေါင်တစ် လုံး မီးလောင်မှုဖြစ်ပွားသဖြင့် ဂိုဒေါင်တာဝန်ခံ အရာခံဗိုလ်စောထွန်းအား စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ် သည်ဟု မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အမှတ်(၄) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဆွယ်ရှိ အကျယ်အ၀န်း ပေ ၆၀ x ၈၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်ဂိုဒေါင်ဟောင်းတစ်လုံး မီးလောင်မှုသည် မိနစ် ၃၀ နီးပါး ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “ဂိုဒေါင်ဟောင်းအတွင်းမှာရှိတဲ့ ရုံးခန်းမှာ တပ်ဆင်ထားတဲ့ အဲကွန်းကနေ မော်တာချို့ယွင်းမှုကြောင့် အပူလွန်ကဲပြီး အနီးမှာရှိတဲ့ စာရွက်စာတမ်း ကနေ မီးကူးစက်ပြီး စတင် မီးလောင်မှုဖြစ်ပွားခဲ့တာပါ”ဟု ဆိုသည်။

ယင်းမီးလောင်ဖြစ်ပွားမှုတွင် အဲယားကွန်းတစ်လုံး၊ ဂိုဒေါင်ဟောင်းတစ်လုံးနှင့် စာရွက်စာတမ်းများ မီး လောင်ခံရသဖြင့်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၁ သိန်းဖိုးခန့် ရှိသည်။

ယင်းမီးလောင်မှုကြောင့် မီးငြှိမ်းသတ်ယာဉ် ၂၆ စီး၊ ကွပ်ကဲအုပ်ချုပ်မှုယာဉ်သုံးစီး၊ သန္ဓေမီးသတ် ၁၇၀ ဦး၊ အရန်မီးသတ် ၈၉ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၀ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့သည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...