<div style='background-color: none transparent;'></div>

Wednesday, January 22, 2014

နေအိမ်ရှေ့ ညသိပ်ထားသည့်ကား ခိုးယူခံရ

ရန်ကင်းမြို့နယ်တွင် နေအိမ်ရှေ့လမ်းမပေါ်တွင် ညသိပ်ထားသည့် ကားတစ်စီးခိုးယူခံလိုက်ရသဖြင့် ပြန်လည်ရှာဖွေ ဖော်ထုတ်ပေးရန် ဇန်န၀ါရီ ၂၀ ရက်က အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ကားအခိုးခံရမှုကို ရန်ကင်းမြို့နယ်၊ (၃) ရက်ကွက်၊ ရန်ရှင်းလမ်းနေ ဦးရဲဝင့်ကိုကိုဦးက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။အမှုတွင် ၎င်းသည် မိဘများထံမှယူ၍ အသုံးပြုခဲ့သော ၃ဗ/၉၀၈၈ အဖြူရောင် တိုရိုတာကော်ရိုလာ စီအီး -၉၆ ယာဉ်ကို မိဘများနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာဥယျာဉ်အိမ်ရာသို့ သွားရောက်ခဲ့ ပြီး ည ၉ နာရီခွဲအချိန်တွင် နေအိမ်သို့ ပြန်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ည ၁၀နာရီအချိန် နေအိမ်ရှေ့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကားအားနေအိမ်တိုက်ခန်းရှေ့ ရန်ရှင်းလမ်းမဘေးတွင် သော့ခတ်တံခါးပိတ်ရပ်ထားခဲ့သည်။

ထို့နောက် ဇန်န၀ါရီ ၂၀ရက် နံနက် ၈ နာရီခွဲအချိန် ဒေါပုံမြို့နယ် ရေကြောင်းဦးစီးဌာနရှိ သင်တန်းသို့ သွားတက်ရန် နေအိမ်ရှေ့သို့ သွားရောက်ခဲ့ရာ ရပ်ထားသော ကားပျောက်ဆုံးနေကြောင်း သိရှိခဲ့သည် ဟု တရားလိုက ရဲတိုင်ရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ရန်ကင်းရဲစခန်းက (ပ)၁၅/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ကားခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးရန် လုပ်ဆောင်နေပြီး ဖမ်းမိပါကာ ခိုးမှုပုဒ်မ ၃၇၉(ကား)ဖြင့် တရားစွဲတင်မည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...