<div style='background-color: none transparent;'></div>

Wednesday, January 15, 2014

လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမှာပါ။ (ဆွာရက်ဇ်) လီဗာပူးလ်

ပိုင်ဆိုင်ထားသည့် ကစားသမား အင်အားစုသည် ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် စွမ်းဆောင်နိုင်သည် ဟု ဆွာရက်စ် ပြောဆို လီဗာပူးလ်အသင်း၏ လက်ရှိကစားသမား အင်အားစုသည် လာမည့်နှစ်အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ကို ရယူရန် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က ကြိမ်းဝါးပြောဆိုလိုက်သည်။

ကြိုးကြာနီများသည် (၂၀၀၈-၂၀၀၉) ရာသီတွင် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အသင်း၏နောက် ဒုတိယ နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိခဲ့ပြီးနောက် (၅)နှစ်ကြာ ချန်ပီယံလိဂ် ပြိုင်ပွဲနှင့် ကင်းကွာခဲ့ရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် လီဗာပူးလ် အသင်းသည် ပရီးမီးယားလိဂ်၌ အာဆင်နယ်၊ မန်စီးတီး ၊ ချယ်ဆီးတို့နောက် အဆင့်(၄)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တွင် (၂၂)ဂိုး သွင်းယူထားသည့် တိုက်စစ်မှူး ဆွာရက်စ်က လီဗာပူးလ်အသင်း ပိုင်ဆိုင်ထားသည့် ကစားသမားများသည် အဆင့်မြင့် ပြိုင်ပွဲများနှင့် ထိုက်တန်သည့် ခြေစွမ်းခြေစများကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုဆိုရင် ကျွန်တော်တို့ ကစားတာ တော်တော်လေး ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ကစားဖို့ ထိုက်တန်နေပါပြီး။ ကျွန်တော်တို့မှာ တကယ့်ကိုကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ ဒီခြေစွမ်းကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိနိုင်မှာပါ။ ခင်ဗျာကလေးဘ၀တုန်းက အိမ်မက်တွေ အများကြီး ရှိခဲ့မှာပါ။ အခုဆို အသင်းပရိတ်သတ်တွေနဲ့ ကစားသမားတွေက ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အကြောင်းကိုပဲ ပြောဆိုနေကြပါပြီး။ ဒါဟာ ကျွန်တော်အတွက်တော့ အံ့အားသင့်စေခဲ့ပါတယ်။ လီဗာပူးလ်အတွက်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊သုံးနှစ်လောက်ကဆို ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ ခြေစွမ်းအစစ်အမှန်ကို မပြသနိုင်ခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ အသင်းရဲ့ ခြေစွမ်းအစစ်အမှန်ကို ပြသနိုင်နေပါပြီး။ အသင်းပရိတ်သတ်တွေအတွက် ခင်ဗျား ကြိုးစားကစားရပါမယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တော့ လွန်ခဲ့တဲ့ လတချို့မှာ အခက်အခဲ နည်းနည်း ကြုံတွေ့ခဲ့ရပါတယ်။ အခုဆို ကျွန်တော့ကိုယ် ကျွန်တော် ပြောင်းလဲပစ်ခဲ့ပြီး အဆင်ပြေနေပါပြီး”ဟု ဆွာရက်စ်က ပြောဆိုခဲ့သည်။ ဆွာရက်စ်သည် ခရစ်စမတ်ကာလ မတိုင်မီ အန်းဖီးလ်အသင်းနှင့် ကာလရှည် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပြီး နည်းပြ ရော်ဂျာ တည်ဆောက်နေသည့် လီဗာပူးလ်အသင်း အပေါ်တွင်လည်း ယုံကြည်မှုရှိစွာဖြင့် ကြိုးစားကစားသွားမည်ဟု ထပ်မံပြောဆိုခဲ့သည်။

“အရေးအကြီးဆုံးကတော့ လီဗာပူးလ်ပါပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပါတ်တွေကဆို ကျွန်တော်တို့ ကစားခဲ့တာ တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒါက ကျွန်တော်အတွက် ပိုပြီးအရေးကြီးပါတယ်။ ခင်ဗျား ကွင်းထဲမှာ ကြိုးစားကစားခဲ့ရင် အရာရာ အဆင်ပြေနိုင်တယ်ဆိုတာ ခင်ဗျား သိမှာပါ။ ဘောလုံးကွင်းထဲမှာ ခင်ဗျား ဘာမဆို လုပ်နိုင်ပါတယ်။ အချိန်တိုင်းလည်း ခင်ဗျားရဲ့အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြနိုင်ဖို့ ကြိုးစားရမှာပါ။ ခင်ဗျား အသင်းအပေါ် ယုံကြည်မှုရှိဖို့လည်း အရေးကြီးပါတယ်။ အသင်းလိုက်ကစားပုံက အရမ်းကောင်းနေပါပြီး။ တိုက်စစ်မှူးတွေအတွက်လည်း ကွင်းထဲမှာ ပိုပြီးလွယ်ကူစွာ ကစားနိုင်ပါပြီး။ ကျွန်တော် ဂိုးသွင်းနိုင်တာ၊ မသွင်းနိုင်တာက ကျွန်တော်အတွက် အရေးမကြီးပါဘူး။ ပိုပြီးအရေးကြီးတာက ကျွန်တော်တို့ နိုင်ပွဲရရှိဖို့ပါ” ဟု ဆွာရက်စ်က ထပ်မံပြောဆိုသွားခဲ့သည်။

Photo: လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမှာပါ။ (ဆွာရက်ဇ်) လီဗာပူးလ် 

Written by ရင်သွေးငယ်
FOOTBALL CAFE Written by ရင်သွေးငယ်
FOOTBALL CAFE

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...