<div style='background-color: none transparent;'></div>

Monday, January 13, 2014

ဒိန်းမတ်အိမ်ရှေ့ မင်းသမီး ရခိုင်ပြည်နယ်သို့ အလည်အပတ်ရောက်ရှိ

ဒိန်းမတ် နိုင်ငံ အိမ်ရှေ့မင်းသမီး Crown Princess Mary သည် ကိုယ် ပိုင်ရဟတ်ယာဉ်ဖြင့် ဇန်နဝါ ရီ ၁၁ရက် မွန်းလွဲ ၁နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ညနေ ၃နာရီ တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အစည်းဝေးခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် ဒိန်းမတ်အိမ် ရှေ့မင်းသမီး Mary က ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခဆိုင် ရာကိစ္စရပ်များအပြင် ယဉ်ကျေး မှုဆိုင်ရာကိစ္စရပ်များကို ထည့် သွင်းစဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

““ကျွန်မ ရခိုင်ပြည်နယ် ကို ပထမဆုံး အကြိမ် ရောက်လာ တာပါ။ ဒီမှာက ပဋိပက္ခဆိုင်ရာ ကိစ္စတွေထက် တခြားလုပ်စ ရာကိစ္စတွေ အများကြီးကျန် သေးတာ တွေ့ရတယ်။ တိုင်း ပြည်ရဲ့ယဉ်ကျေးမှုဆိုင်ရာကိစ္စ ရပ်တွေကိုလဲ ထည့်သွင်းစဉ်း စားသင့်ပါ တယ်။ ကျွန်မ ဒီ နေရာကို ခဏတစ်ဖြုတ်ရောက် ရှိလာချိန်အတွင်း မြန်မာပြည် မှာ ဒီလောက်လှပတဲ့မြင်ကွင်း တွေရှိနေပေမယ့် တစ်ဖက်မှာ ပဋိပက္ခဖြေရှင်းနေရတာတွေ မြင်ရတော့ စိတ်မကောင်းဖြစ် မိပါတယ်””ဟု အိမ်ရှေ့ မင်းသမီး က ပြောကြားခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ် ၏ လက်ရှိအခြေအနေနှင့် ပဋိ ပက္ခဆိုင်ရာကိစ္စရပ်များကို လည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဒိန်းမတ်အိမ်ရှေ့မင်း သမီးဦးဆောင်သည့် ဒိန်းမတ် လူမှုကူညီရေးအဖွဲ့တို့ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။ ဒိန်းမတ် အိမ်ရှေ့မင်း သမီး Mary မှာ UNFPA အ စီအစဉ်ဖြင့် ဇန်နဝါရီ ၁ဝရက် က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ ပြီး ဇန်နဝါရီ ၁၁ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက် ကာ စစ်တွေမြို့၌ ညအိပ်ပြီး ဇန်နဝါရီ ၁၂ရက် နံနက်ပိုင်း တွင် စစ်တွေမြို့ နယ် အတွင်းရှိ ရခိုင်နှင့် ဘင်္ဂါလီဒုက္ခသည်စခန်း များသို့သွားရောက်၍ ညနေ ပိုင်းတွင် ကိုယ်ပိုင်လေယာဉ် ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက် ခွာခဲ့ကြောင်း သိရသည်။

““မင်းသမီးဟာ မြန်မာနိုင်ငံ အတွက်၊ လူငယ်တွေအတွက်၊ ကောင်းမွန်တဲ့အစီအစဉ်တွေ အများကြီး သယ်ဆောင်လာ မယ်လို့ထင်ပါတယ်””ဟု UNFPA မြန်မာကိုယ်စားလှယ် Mrs. Jant Jackson က ပြော သည်။ မြန်မာနိုင်ငံရှိ လူငယ်ဘဝ တွင်ဖြစ်ပွား နိုင်သည့် လိင်မှုဆိုင် ရာ၊ မျိုးပွားမှုဆိုင်ရာကိစ္စရပ် များအပြင် အခြားရောဂါများ ကိုသိရှိနိုင်ရန်အတွက် UNFPA အဖွဲ့မှ ရည်ရွယ်လာရောက် ခြင်းဖြစ်သည်။

ဒိန်းမတ်အိမ်ရှေ့ မင်းသမီး ရခိုင်ပြည်နယ်သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - မိုးဝေ (မြစ်မခ)
မိုးဝေ(မြစ်မခ)

Photo: ဒိန်းမတ်အိမ်ရှေ့ မင်းသမီး ရခိုင်ပြည်နယ်သို့ အလည်အပတ်ရောက်ရှိ

Yangon Media Group Yangon Media Group

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...