<div style='background-color: none transparent;'></div>

Monday, January 13, 2014

ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇x ၂၈ လမ်းကြား၊ ၈၄လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ် ကောင်ကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်လုပ် ကိုင်သူ ဦးဇော်ဝင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန်ရှိပြီး လည်ပင်းတွင် အဖြူရစ် ပါရှိသည်။ အတောင်နှစ်ဖက် ဖြန့်လျှင် သုံးပေခန့် ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီး များကဲ့သို့ လှပသော ပန်းကွက်များ ပါရှိသော ထူးခြားဆောင်းခိုငှက် တစ်ကောင်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ ၎င်းငှက်အား စိတ်ပါဝင် စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ယနေ့နံနက် ၉နာရီတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၂ လမ်းရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 
by myawady
Photo: ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ

မန္တလေး ဇန်နဝါရီ ၁၃

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇x ၂၈ လမ်းကြား၊ ၈၄လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ် ကောင်ကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်လုပ် ကိုင်သူ ဦးဇော်ဝင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန်ရှိပြီး လည်ပင်းတွင် အဖြူရစ် ပါရှိသည်။ အတောင်နှစ်ဖက် ဖြန့်လျှင် သုံးပေခန့် ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီး များကဲ့သို့ လှပသော ပန်းကွက်များ ပါရှိသော ထူးခြားဆောင်းခိုငှက် တစ်ကောင်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ ၎င်းငှက်အား စိတ်ပါဝင် စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ယနေ့နံနက် ၉နာရီတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၂ လမ်းရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ကျော်ထူး(မန္တလေး)
ကျော်ထူး(မန္တလေး)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...