<div style='background-color: none transparent;'></div>

Tuesday, January 14, 2014

ခြောက်နှစ်အရွယ် ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မပြုရန်ကြံစည်ဟု ကလေးဖခင်တိုင်ကြား

လှိုင်သာယာမြို့နယ်တွင် အသက်ခြောက်နှစ်အရွယ် ကလေးငယ်ကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခဲ့သည့်အတွက် ဇန်န၀ါရီ ၁၂ ရက်က တိုင်တန်းထားသည်ဟု ရန် ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ် (၁/၁၁) ရပ်ကွက်တွင် ဇန်န၀ါရီ ၁၁ ရက် ည ၉ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုတွင် ကလေးငယ်အဓမ္မပြုကျင့်ရန် ကြံစည်ခြင်းခံရမှုကို ဇန်န၀ါရီ ၁၂ ရက်နံနက် သီရိမင်္ဂလာ ဈေးတွင် ဂါလီနင်းပြီးနေအိမ်သို့ ပြန်ရောက်စဉ်တွင် ကလေးငယ်၏ဖခင်က သိရှိခဲ့ရသည်ဟုဆိုထား သည်။

အသက် ခြောက်နှစ်ရှိသော သူငယ်တန်းကျောင်းသူ သမီးငယ်အား ရွှေလင်ပန်းရွာနေ အသက် ၆၀ ခန့် ရှိသော အမျိုးသားကြီးက သားမယားပြုကျင့်ရန် ကြံစည်ခဲ့ကြောင်းကို အစ်မဖြစ်သူက ပြောပြသဖြင့်သိရှိ ခဲ့ရသည်ဟု ကလေးငယ်ဖခင်က ရဲတိုင်ရာတွင်

ထို့ကြောင့် အသက်ခြောက်နှစ်ရှိ သမီးငယ်ဖြစ်သူကို မေးမြန်းကြည့်ရာတွင်လည်း ည ၉ နာရီခွဲခန့်က အဖိုးဖြစ်သူနေအိမ်တွင် အဖိုးဖြစ်သူမရှိခိုက် အထက်ပါအသက် ၆၀ အရွယ်အမျိုးသားကြီးရောက်ရှိလာ ကာ အိပ်ခန်းအတွင်းခေါ်ပြီး သားမယားပြုကျင့်ရန် မဖွယ်မရာပြုလုပ်ခဲ့သည်ဟု သိရှိထားသည်ဟုလည်း ဖခင်ဖြစ်သူ တရားလိုက ရဲစခန်းတွင် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၅၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ဖမ်းဆီး စစ်ဆေးနေကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း တွေ့ရှိလာပါက ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အရေးယူသွားမည်ဟု ဆိုထားသည်။

ထို့ပြင် အသက် ၁၆ နှစ်ရှိ အမျိုးသမီးငယ်တစ်ဦးကို အိမ်ချင်းကပ်လျက်နေ အသက် (၂၃)နှစ် အမျိုးသား က သားမယားပြုကျင့်ရန် ကြံစည်ခဲ့မှုကြောင့် အရေးယူပေးရန် တိုင်တန်းထားမှုအား ဇန်န၀ါရီ ၁၂ ရက် မှာပင် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေရသည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...