ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသည့် ဒူးချီရာတန်း
ဘင်္ဂါလီ ကျေးရွာအနီးတွင် ညကင်းလှည့်သော ရဲတပ်ဖွဲ့ဝင်သုံးဦး
တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ်တစ်ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာ
ဒေသအာဏာပိုင်များထံမှ သိရှိရသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒူးချီရာတန်း
ကျေးရွာမှာ ဆယ်အိမ်မှူးများနှင့် လုံခြုံရေး ကင်းလှည့်နေစဉ် အဆိုပါ
ကျေးရွာမှ လူများက ဓားပြဟု အော်ကာ တိုက်ခိုက်ခဲ့ရာ ရဲတပ်သားနှစ်ဦး
ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲ
မြို့နယ်ခွဲ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရဲတပ်ကြပ် အောင်ကျော်သိန်းမှာ လက်နက်များနှင့် အတူ ပျောက်ဆုံးနေကြောင်း
မောင်တောမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ
၎င်းကဆိုသည်။
အဆိုပါ နေရာအနီးတွင် လုံခြုံရေးအင်အား တိုးမြှင့်ပြီး
ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးနေကြောင်း သက်ဆိုင်ရာ
ဒေသအာဏာပိုင်များထံမှ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒူးချီရာတန်း ကျေးရွာသို့ ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။
စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် မှန်စီကျေးရွာ အနီးတွင်လည်း
ဘင်္ဂါလီရှစ်ဦး တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က
ယင်းနယ်မြေ လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအနက်
တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်
ဦးဦးလှသိန်းက ပြောဆိုထားသည်။
(ခင်မောင်အေး)
by the voice weekly
Wednesday, January 15, 2014
မောင်တောတွင် ရဲကင်း လှည့်နေစဉ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တစ်ဦး ပျောက်ဆုံး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...