<div style='background-color: none transparent;'></div>

Monday, January 13, 2014

မလေးရောက် မြန်မာလုပ်သားတစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အသက် ၂၆နှစ်အရွယ်ရှိ ရေ ယာဉ်လုပ်သားတစ်ဦးဖြစ်သူ ဇာနည်ဘုန်းမြင့်သည် ဝမ်းပြား ရေ ယာဉ်နောက်ဘက်ရှိ ကြိုး တစ်ချောင်းကို ခလုတ်တိုက်၍ ဆာရာဝပ်မြစ်တားဆည်အ နီး ဆာရာဝပ် မြစ်ဝထဲသို့ နံနက် ၅နာရီခန့်က ကျသွားခဲ့သည်။

တာဘူယန်ဂျာယာမီးသတ် နှင့် ကယ်ဆယ်ရေးဌာနအကြီး အကဲ၏ လက်ထောက် တာဝမ် လင်ဂင်က ၎င်းင်းအပါအဝင် မီး သတ်သမား ၁၆ဦးသည် နံနက် ၈နာရီ ၅၁မိနစ်က ဂီတာရဲ စခန်းက အကြောင်းကြားသ ဖြင့် အခင်းဖြစ်ရာသို့ မီး သတ်ကား သုံးစီး၊ လှေတစ် စင်းဖြင့် အပြေးအလွှားရောက် ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

““ကျွန်တော်တို့ ရေငုပ် သမားတွေဟာ မြစ်ဝထဲကို မ ငုပ်ရဲပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အဲဒီမြစ်ဝထဲမှာ မိကျောင်း တွေ ပေါလို့ဖြစ်ပါတယ်။ ဒါ ပေမဲ့ နံနက် ၁၀ နာရီ ၄၅မိနစ် မှာတော့ ရှာဖွေကယ်ဆယ် ရေးအဖွဲ့ဟာ လိမ့်ကျတဲ့နေရာ ကနေ မီတာ ၅၀ ဝန်းကျင်အ ထိ သံတွေကိုဆွဲယူတဲ့ နည်း ပညာကို အသုံးပြုခဲ့ပါတယ်””ဟု ၎င်းင်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရေး လုပ်ငန်း တွင် ရဲတပ်ဖွဲ့ဝင်ကိုးဦးက လှေ နှစ်စင်း၊ မလေးရှားအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခုနစ် ဦးက လှေတစ်စင်းဖြင့် ရှာဖွေ ခဲ့ကြောင်း သိရသည်။
by myawady
Ref: BERNAMA

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...