<div style='background-color: none transparent;'></div>

Tuesday, March 4, 2014

ရီးယဲလ်မက်ဒရစ် ပရိသတ်၊ ဘာစီလိုနာ ကစားသမားသစ် ဟာလီလိုဗစ်

အသက်(၁၇)နှစ်သာ ရှိသေးသော်လည်း ပါရမီပြည့်ဝလွန်းသော ခြေစွမ်းမျိုး ပိုင်ဆိုင်ထားသည့် ကွင်းလယ် တိုက်စစ်သမားလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ခရိုအေးရှား လက်ရွေးစင် အသင်း၌ပင် ပါဝင်ခွင့် ရနေပြီ ဖြစ်သည်

ဘာစီလိုနာ အသင်း၏ ကစားသမားသစ်လေး အလန် ဟာလီလိုဗစ်သည် ရီးယဲလ်မက်ဒရစ် ပရိသတ်တစ်ဦး ဖြစ်နေသည်ဆိုသော သတင်းက အတန်ငယ် အကျပ်တွေ့သည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။ အသက်(၁၇)နှစ်သာ ရှိသေးသော်လည်း ပါရမီပြည့်ဝလွန်းသော ခြေစွမ်းမျိုး ပိုင်ဆိုင်ထားသည့် ကွင်းလယ် တိုက်စစ်သမားလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ခရိုအေးရှား လက်ရွေးစင် အသင်း၌ပင် ပါဝင်ခွင့် ရနေပြီ ဖြစ်သည်။ ၎င်းသည် ရာသီကုန်တွင် ဒီနာမို ဇာဂရက်ဘ် အသင်းကို စွန့်ခွာကာ လီယွန်နယ်မက်ဆီ၊ အန်းဒရက်စ်အင်နီယေစတာ၊ နေမာတို့ကဲ့သို့ ကမ္ဘာကျော်များနှင့် တွဲကစားရန် နူးကမ့်သို့ ခြေဆန့်ထွက်ခွာမည်ဟု အတည်ပြုထားသည်။

သို့သော်လည်း ဟာလီလိုဗစ်၏ လက်ကောက်ဝတ်မှ ဆေးမင်ကြောင်ကြောင့် နူးကမ့်တွင် အတန်ငယ် မျက်နှာပူစရာ ဖြစ်ဖွယ် ရှိနေသည်။ ဘာစီလိုနာက ပေါင်စတာလင် (၁၂)သန်းဖြင့် ဈေးပေးခေါ်ယူထားသည့် လူငယ်လေးသည် လက်ကောက်ဝတ်တွင် Hala Madridဆိုသော စကားလုံးကို ဂုဏ်ယူစွာဖြင့် ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။ ပြီးခဲ့သည့် လအနည်းငယ်က ဟာလီလိုဗစ်သည် ၎င်း၏ Instagram ဝက်ဘ်စာမျက်နှာတွင် အဆိုပါ ဆေးမင်ကြောင်၏ ဓာတ်ပုံကို လွှင့်တင်ထားခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဟာလီလိုဗစ်သည် အဆိုပါ ဓာတ်ပုံကို ပြန်ဖျက်ထားလိုက်ပြီဟု သိရသည်။ဟာလီလိုဗစ်သည် ခရိုအေးရှား နာမည်ကျော် ကွင်းလယ်လူ လူကာမိုဒရစ်ကို အားကျအတုယူသူ တစ်ဦးဖြစ်ရာ မိုဒရစ် ကစားနေသည့် ရီးယဲလ်ကိုပါ အားပေးခဲ့သည်ဟု ယူဆရဖွယ် ရှိသည်။ ယခုနွေရာသီတွင် မာလာဂါမှ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သည့် စပိန်ကွင်းလယ်လူ အစ္စကိုသည်လည်း တစ်ချိန်က ၎င်းသည် ဘာစီလိုနာ ပရိသတ် တစ်ဦးဖြစ်ပြီး ရီးယဲလ်ကျဆုံးသည်ကို တွေ့မြင်လိုကြောင်း ဝန်ခံပြောဆိုခဲ့ဖူးသည်။

Photo: ရီးယဲလ်မက်ဒရစ် ပရိသတ်၊ ဘာစီလိုနာ ကစားသမားသစ် ဟာလီလိုဗစ်

Planet Myanmar Network
Planet Myanmar Network

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...