<div style='background-color: none transparent;'></div>

Tuesday, March 4, 2014

"ဓားကိုင်းရမ်းကားသတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်မှုများကို အစွမ်းကုန် ဖြိုခွင်းရန် တရုတ်သမ္မတ အမိန့်ထုတ်"

တရုတ်သမ္မတ ရှီကျင်ပင်းက နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ဓားကိုင်အကြမ်းဖက်မှု အပြီးတွင် အကြမ်းဖက်မှု အားလုံးကို ပြင်းထန်စွာ ဖိနှိပ် နှိမ်နင်းသွားရန် အမိန့်ပေးထားလိုက်ကြောင်း သိရသည်။

အနောက်တောင်ပိုင်း ဒေသရှိ ကွန်မင်းတွင် ဘူတာရုံတစ်ခု၌ ဓားဖြင့် ရမ်းကားတိုက်ခိုက်သူများကြောင့် လူပေါင်း(၃၃)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများ၏ အဆိုကို ကိုးကားကာ တရားခံများသည် ရှင်ကျန်းရှိ မွတ်ဆလင် ခွဲထွက်ရေး ဝါဒီများဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။

ဝီဂါမွတ်ဆလင်များသည် ရှင်ကျန်းတွင် အခြေချ လှုပ်ရှားနေပြီး တရုတ်လက်မှ ခွဲထွက်ရန် ကြိုးစားလျှက်ရှိရာ ယခင်ကလည်း ဟန်တရုတ်များနှင့် ထိပ်တိုက်ပြဿဿသနာ ဖြစ်ပေါ်ဖူးသည်။လက်ရှိဖြစ်ရပ်နှင့် စပ်လျဉ်းပြီး မည်သည့်အဖွဲ့အစည်းကမျှ မိမိတို့တွင် တာဝန်ရှိကြောင်း တရားဝင် မပြောဆိုသေးချေ။ လူ(၁၀)ဦးကျော်သည် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ပြီး ဓားများကိုကိုင်ကာ ဘူတာရုံထဲရှိ လူအများကို ရမ်းသမ်း ခုတ်ထစ်ခဲ့ခြင်းဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ဓားနဲ့လိုက်ခုတ်နေတာ အရူးတွေလိုပဲ။ သူတို့ကို ဘယ်သူမှလည်း တားလို့ရဘူးဟု ဒဏ်ရာရခဲ့သည့် အသက်(၅၁)နှစ်အရွယ် ကွင်ဂန်းက ပြောကြားခဲ့သည်။ ၎င်းက ရဲများရောက်လာချိန်တွင် အဆိုပါ အကြမ်းဖက် သမားများသည် ဘူတာထဲမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။ ကွင်က မျက်နှာကို အဝတ်အုပ်ပြီး မျက်လုံးသာ ဖော်ထားသည့် အမျိုးသမီး (၂)ဦးအပါအဝင် တိုက်ခိုက်သူ (၅)ဦးကို တွေ့မြင်လိုက်ရကြောင်း ဆိုသည်။

အကြမ်းဖက်သမားများသည် လူ့လက်တစ်ဖက်စာမျှ ရှည်လျားပြီး လက်မအနည်းငယ် အကျယ်ရှိသည့် ဓားများဖြင့် လိုက်လံခုတ်ထစ်နေခြင်းဟု သိရသည်။ တကယ်လို့ ဘယ်သူကမှ သူတို့ကို မတားနိုင်ဘူးဆိုရင် နောက်ထပ် အများကြီး သေရဦးမယ်။ အမုန်းတရားကြောင့် ဒါမျိုးလုပ်တယ် ဆိုဦးတော့၊ ပုဂ္ဂိုလ်ရေး ဘာခံစားချက်မှ မရှိတဲ့ လူတွေကို ခုလိုတိုက်ခိုက်တာ မျှတပါ့မလားဟု ကွင်က ဆိုသည်။ ရဲတပ်ဖွဲ့သည် မျက်နှာဖုံးစွပ် အကြမ်းဖက်သမား (၄)ဦးကို ပစ်သတ်နိုင်ခဲ့ပြီး (၁)ဦးကို အရှင်ဖမ်းနိုင်ခဲ့သည်။ ကျန်သော အကြမ်းဖက်သမားများကို ရဲများက လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။

Photo: "ဓားကိုင်းရမ်းကားသတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်မှုများကို အစွမ်းကုန် ဖြိုခွင်းရန် တရုတ်သမ္မတ အမိန့်ထုတ်"

မတ် ၄ ရက် ၂၀၁၄ ခုနှစ်

PLANET ညနေခင်းသတင်းလွှာ
PLANET ညနေခင်းသတင်းလွှာ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...