<div style='background-color: none transparent;'></div>

Tuesday, March 4, 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကျူရှင်မှအပြန် ရေကန်တစ်ခုတွင် ရေဆင်းကူးခဲ့သည့် သတ္တမတန်း ကျောင်းသားများထဲမှ အသက် ၁၆ နှစ် အရွယ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

ဖြစ်စဉ်မှာ ဇေယျဝတီမြို့ ကျော်သာကုမဏီ၏ ဆင်ဖြူတော်အဆင့်မြင့် သကြားစက်မှ အသုံးပြုလျှက်ရှိသည့် အနက် ၁၂ ပေရှိသည့် ရေကန်အတွင်း မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီ ခန့်က ဇေယ၀တီမြို့ အ.ထ.က (၁)မှ ကျောင်းသား လေးဦး ရေဆင်းကူးကြရာတွင် ကျောင်သားနှစ်ဦး ရေနစ်ခဲ့သည်။

ယင်းသို့ ကျောင်းသားနှစ်ဦးရေနစ်နေသည်ကို ကျန်ကျောင်းသားများ က အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ် မောင်ဟိန်းထက်ဇော်မှာ သေဆုံးလျှက်ရှိနေပြီး ကျန်ကျောင်းသား တစ်ဦးဖြစ်သည့် မောင်နိုဗယ်ကြည်မြင့်မှာ အသက်ရှင်လျှက် ပြန်လည်ကယ်တင်နိုင်ခဲ့ရာ ဇေယျဝတီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ကျောင်သားသေဆုးခြင်းနှင့် ပတ်သက်ပြီး ဇေယျဝတီ နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၂/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

သက်အောင်(ဇေယျဝတီ)
Mizzima - News in Burmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...