ထန်းတစ်ပင် မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေသူနှစ်ဦးက သားမယား ပြုကျင့်
ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့တွင် ထန်းတစ်ပင်မြို့နယ် ကြာအင်းကျေးရွာအုပ်စုနေ အသက် ၁၉ နှစ်အရွယ် အမျိုး
သမီးတစ်ဦးသည် အစ်မဖြစ်သူနေအိမ်သို့တစ်ဦးတည်းလမ်းလျှောက်ထွက် လာစဉ် ယခင်က
ခင်မင်ရင်းနှီးခဲ့သည့် ကျော်သူရ(ခ)ငမုတ် (၂၀ နှစ်) နှင့်ရှိုင်းကို(၂၃ နှစ်)တို့ ညီအစ်ကိုနှစ်ဦးတို့က
ရွာလယ်လမ်းဘေး ကွင်းစပ်အရောက် ပါးစပ်ပိတ်ပြီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ကျော်သူရ(ခ)
ငမုတ်က သားမယား သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း ဆိုကာ ထိုအမျိုးသမီးက ရဲထံတိုင်တန်းခဲ့သည်။
တော်လတဲ့နယ်မြေရဲစခန်းက(ပ) ၁၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်အရေး ယူထားကြောင်း
သိရသည်။
တိုးဝေအောင်
မြန်မာတိုင်း(မ်)
Tuesday, March 4, 2014
ပါးစပ်ပိတ် ခေါ်ဆောင်ကာ သားမယား ပြုကျင့်ဟုဆို
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...