<div style='background-color: none transparent;'></div>

Tuesday, March 18, 2014

မုံရွာ ချင်းတွင်းမြစ်ထဲတွင် လူသေအလောင်းတွေ့

မုံရွာမြို့၊ ချင်းတွင်းမြစ်ထဲတွင် ဂျင်းဘောင်းဘီအရှည်၊ တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသား အလောင်းတစ် ခု မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီက တွေ့ရှိသည်ဟု မုံရွာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြောဆိုခွင့် ရှိသူက ပြောသည်။

မုံရွာတောင်ရပ်ကွက်၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်၏ အောက်ဘက် ချင်းတွင်းမြစ်အတွင်း လူသေ အလောင်းတွေ့ရှိသည်ကို မြို့မရဲစခန်းမှ တာဝန်မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသူသည် မတ် ၁၃ ရက် နံနက် ၄ နာရီက မုံရွာမှ၊ ဟုမ္မလင်းသို့ပြေးဆွဲသည့် ရွှေနဒီခရီးသည် သယ်ယူ ပို့ဆောင်ရေး အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ခရီးသည် ကိုပစ်ရှင်း(ခ) မိုးစက်ပစ် ရှင်းဆိုသူ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ခန့်မှန်းပြောဆိုသည်။

သေဆုံးသူမှာ ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဟုတ်/မဟုတ် စိစစ်နိုင်ရန်အတွက်လည်း ထိုသူ၏ ဆွေမျိုး သားချင်းများထံ ရဲဌာနက ဆက်သွယ်ထားသည်။ သေဆုံးသူသည် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူဖြစ်ခဲ့ပါက မုံရွာမြို့မရဲစခန်း၏ (ပ) ၈၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၀ အမှုအား ပုဒ်မ ၃၀၄ (က)သို့ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ပြီး ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခြင်း မဟုတ်ခဲ့ပါက သေမှုသေခင်း အရ ဆက်လက်၍ အရေးယူဆောင်ရွက်သွားမည်ဟု ရဲစခန်း မှူး ဒု-ရဲမှူး ကျော်ကျော်ညွန့်က ပြောသည်။

by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...