<div style='background-color: none transparent;'></div>

Tuesday, March 18, 2014

ဓာတ်ရထားခေါင်မိုးပေါ်တက်ပြီး Selfie ရိုက်ရာမှာ ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်သေဆုံး

စပိန်လူမျိုး အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းနဲ့ အတူ ရထားခေါင်မိုးပေါ်တက်ပြီး Selfie ရိုက်ဖို့  လုပ်နေရင်း ဗို့ အားမြင့်ဓာတ်ကြိုးတစ်ကြိုးနဲ့ မတော်တဆထိမိကာ ဓာတ်လိုက်သေဆုံးသွားခဲ့ပါတယ်။

စပိန်နိုင်ငံ၊ Andalusia ဒေသက အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ စနေနေ့ နေ့ လည် ၁၂ နာရီအချိန်မှာ ကုန်တင်ဓာတ်ရထားခေါင်မိုးပေါ်ကို အဖော်တစ်ယောက်နဲ့ အတူ တက်ခဲ့တာပါ။

သူတို့ နှစ်ယောက်ဟာ ဓာတ်ရထားဟာ မြို့ နယ်ဘူတာရုံရဲ့ ရထားလမ်းလွှဲမှာ ရပ်နားထားတယ်ထင်ပြီး ဓာတ်အားမ၀င်နေဘူးအထင်နဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကံဆိုးစွာပဲ ဓာတ်အားကြိုးတွေဟာ ချိတ်လျက်သားဖြစ်နေသလို လျှပ်စီးအားလည်း ဖြတ်စီးနေတာပါ။

အသက် ၂၁ နှစ်အရွယ် လူငယ်ဟာ သူ့ ရဲ့ မိုဘိုင်းဖုန်းနဲ့ Selfie ပုံတွေရိုက်ဖို့ လုပ်နေတုန်း မတော်တဆ ဗို့  အားမြင့် ဓာတ်ကြိုးနဲ့ ထိမိသွားတာပါ။ ဓာတ်အားကြောင့် လူငယ်ဟာ ရထားပေါ်ကနေ လွင့်ထွက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူလည်း ပြင်းထန်တဲ့ဓာတ်လိုက်မှုဒဏ်ကို ခံခဲ့ရပေမယ့် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

ABC သတင်းဌာနကတင်ပြချက်အရ မီးသတ်တွေ၊ရဲတွေနဲ့ ဆေးအကူဝန်ထမ်းတွေဟာ အခင်းဖြစ်နေရာကို ချက်ချင်းပြေးလာခဲ့ပေမယ့် လူငယ်အသက်ကို မမှီခဲ့ပါဘူး။ သူငယ်ချင်းဖြစ်သူကို Alto Guadalquivir ဆေးရုံကို ပို့ ဆောင်ခဲ့ပြီး စိုးရိမ်ဖွယ်အနေအထားမှာ ရှိနေဆဲလို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ Andujar မြို့ တော်ဝန် Jesus Estrella ဟာ ဒီမတော်တဆမှုကြောင့် ၀မ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် သုံးရက်ကို တရားဝင်ကြေငြာပေးခဲ့ပါတယ်။

Credit to Trend Myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...