စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဈေးတန်းရပ်ကွက် (၆) တွင် မတ်လ (၁၁)
ရက်နေ့ ည ၈နာရီ အချိန်က ဂက်စ်အိုး ပေါက်ကွဲမှုဟု ယူဆရသော မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ရာ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း အပါအဝင် ခုနစ်အိမ်ခန့်
လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဘယ်ကနေ စလောင်တယ်ဆိုတာ သေချာမသိရသေးဘူး။ မီးလောင်ပြီး ၁၅ မိနစ်လောက်မှာ ပေါက်ကွဲသံလိုလိုတွေ ကြားရတယ်” ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားသော နေရာသို့ ရောက်ရှိနေသော တမူး လူငယ်ကွန်ရက်မှ ဦးယဉ်ကိုဦးက ဆိုသည်။
အိန္ဒိယဘက်မှ မီးသတ်ကားတစ်စီးနှင့် မြန်မာနိုင်ငံဘက်မှ မီးသတ်ကားငါးစီးတို့
လာရောက် ငြှိမ်းသတ်ပေးခဲ့ကြောင်း၊ ၉ နာရီ ၃၀ မိနစ်အချိန်တွင် မီးညွန့်
ကျိုးသွားကြောင်း၊ လူသေဆုံးမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကာရာအိုကေဆိုင်ကနေ စလောင်တယ်လို့လည်း ပြောကြတယ်။ တိတိကျကျတော့ ဘယ်သူမှ မသိကြသေးဘူး” ဟု တမူးမြို့ခံတစ်ဦးက ဆိုသည်။
မီးလောင်မှု အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတို့ကို
တွက်ချက်နေဆဲဖြစ်၍ မပြောဆိုနိုင်သေးကြောင်း တမူးမြို့နယ် မီးသတ်ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
by the voice weekly
Wednesday, March 12, 2014
တမူးတွင် ဘုရားကျောင်းနှင့် အိမ်ခုနစ်လုံး မီးလောင်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...