မောင်တောမြို့နယ် မတ်လ ၁၀ ရက်က ကျေးရွာနှစ်ရွာ
မီးလောင်ခဲ့မှုနှင့်ပတ်သက်ပြီး စတင်လောင်ကျွမ်း သည့်အိမ်ရှင်မှာ
ပျောက်ဆုံးလျက်ရှိပြီး စုံစမ်းရှာဖွေလျက်ရှိသည်ဟု မတ်လ ၁၁ ရက်တွင်
မြို့နယ်ရဲစခန်း မှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မောင်တောမြို့နယ်
လောင်းဒုံဆင်သေပြင်ကျေးရွာနှင့် ငဆွေရကျေးရွာတို့တွင် မွန်းလွဲ ၁ နာရီခွဲက
လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ စတင်လောင်ကျွမ်းသည့် အိမ်မှာ
မောင်တောမြို့နယ် လောင်းဒုံဆင်သေ ပြင်ရွာရှိ ရော်ရှီးဒူလာနေအိမ်
မီးဖိုဆောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူ
ဆထားသည်။
“မီးဖိုထဲက စလောင်တာပါ ပေါ့ဆမီးပါ ဒါပေမဲ့
အမျိုးသားကတော့ အခုထိ ရှာမရသေးပါဘူး။ အမျိုးသမီး ကိုတော့ ခေါ်ယူ
စစ်ဆေးနေပါတယ်”ဟု မောင်တောရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၁၀၈ လုံး လောင်ကျွမ်းခဲ့သည်ဟု မောင်တောမီးသတ်ဦးစီဌာနမှ စခန်းမှူးဦးမြင့်နိုင်က ပြောသည်။
“စလောင်တဲ့အိမ်က မီးပွားတွေက လေအရမ်းတိုက်တော့ ကူးသွားတာပါ ရွာချင်းကနီးပါတယ်”ဟု ဦးမြင့် နိုင်က ပြောသည်။
ဆက်တိုက်
မီးလောင်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒုချရားတန်း
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ယဉ်ယဉ်နွယ်က “လတ်လောမှာလည်း
လူဦးရေနဲ့မျှတတဲ့ လုံခြုံရေးကို ချပေးဖို့လိုတယ်၊ ဒါမှ အချိန်နဲ့
တစ်ပြေးညီ လုပ်နိုင်ကြမှာပေါ့”ဟု ဆိုသည်။
တစ်ပတ်အတွင်း
စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာတို့ မီးလောင်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး
မောင်တောမြို့ နယ် ကျေးရွာနှစ်ရွာ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ခြင်ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရက ဒုချရားတန်းကျေး ရွာတွင် မီးလောင်ကျွမ်းမှုများကို
ရှို့မီးဖြစ်သည်ဟု ထုတ်ပြန်ထားပြီး ကျန်ကျေးရွာများတွင် ပေါ့ဆမီးဟုဆို သည်။
by mizzima
Wednesday, March 12, 2014
မောင်တော အိမ် ၁၀၀ ကျော်မီး စတင်လောင်ခဲ့သည့် အိမ်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ရှာဖွေနေ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...