ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင် ဆည်၏အရှေ့
ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်းစခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့်
အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ
သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား
ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖေဖော်ဝါရီ
၂၅ ရက်တွင် အဆိုပါ မီးသွေးဖုတ်သည့် တောတွင်းစခန်း၌ အလုပ်သမားလေးဦးမှ
၎င်းတို့အား ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ဦး.....အား
တူးမီးသေနတ်ဖြင့် ပစ်သတ်ကာ ဓားဖြင့်ဗိုက်အားခွဲပြီး ကလီစာများအားနှုတ်ယူ၍
အရက်ဖြင့်ချက်ပြုတ်ကာ စားသောက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင်
ဦး......နှင့်အတူ ရှိနေသည့် အမျိုးသားတစ်ဦးကိုလည်း ဓားဖြင့်လည်ပင်းအား
ခုတ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်ညတွင်လည်း နတ်တလင်းမြို့နယ်နှင့် အရှေ့ဘက်
၃၇ မိုင်ခန့်ဝေးသော ရိုးမတောင်ပေါ်ရှိ အိုးဂင်းမြောင်စခန်းတွင် နေထိုင်သူ
အမျိုးသားတစ်ဦးအား ဓားဖြင့် ၁၁ ချက်ခုတ်၍ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့
ကျူးလွန်ခဲ့ကြသူများမှာ နတ္တလင်းမြို့နယ် ဆီဆုံကျေးရွာနေ စိုးခိုင် (၃၄)
နှစ်၊ အုတ်ဖိုမြို့နယ် စိန်ပတ်လည်ရွာနေ ၀င်းသောင်း(ခ)စိုးအောင် (၃၃) နှစ်၊
ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာနေ နိုင်လင်း (၃၉) နှစ်နှင့်
အောင်ကျော်ဝင်း (၃၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။
“ကျူးလွန်ခဲ့တဲ့
အမျိုးသားလေးဦးကို မတ် ၃ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်။ ပထမဦးဆုံး
သူတို့သတ်ခဲ့တဲ့ အမျိုးသားက ကျူးလွန်သူလေးဦးကို ကိစ္စတစ်ခုကြောင့်
ပါးရိုက်ခဲ့တယ်။ ဒါကြောင့် ကျူးလွန်သူတွေက အငြှိုးထားပြီး သတ်ဖြတ်ခဲ့ကြတယ်။
ပြီးတော့ သူနဲ့အတူပါတဲ့ အမျိုးသားတစ်ဦးကိုပါ ထပ်မံသတ်ဖြတ်ခဲ့တယ်။ ပထမဆုံး
သတ်ဖြတ်ခံရတဲ့သူရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဗိုက်အတွင်းပိုင်းမှာရှိတဲ့
အစိတ်အပိုင်းတွေ တစ်ခုမှ မရှိတော့ဘူး။ စစ်ဆေးမှုတွေ အရတော့
စားသောက်ခဲ့တယ်လို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့်
ရဲအုပ်အောင်နိုင်ထွန်းက ပြောကြားသည်။
ယင်းကဲ့သို့
သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများကို နတ်တလင်းမြို့နယ်၊
ချောင်းကွက်ကျေးရွာ တောစပ်အနီးတွင် မတ် ၃ ရက် ညနေ ၆ နာရီခွဲခန့်တွင်
ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းမိခဲ့ပြီး ၎င်းတို့သည် ရေနောက်ရန်ချောင်း
တောင်ယာဘက်ရှိ နေအိမ်တဲများထံမှ ခြိမ်းခြောက်ကာ စရိတ်ဆက်ကြေးများ
တောင်းယူခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါလေးဦးကို
ကြို့ပင်ကောက်မြို့၊ အလယ်ကုန်း နယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၄ ပုဒ်မ ၃၀၂
ဖြင့် လည်းကောင်း၊ နတ်တလင်းမြို့နယ် တောင်ညိုနယ်မြေရဲစခန်း၌ (ပ) ၁၉/၂၀၁၄
ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း အမှုဖွင့်ထားကာ တရားစွဲဆိုတင်ပို့ရန်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
by myawady
Tuesday, March 11, 2014
ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...