ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ်ကျောင်းသူ သတင်းရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသူ အပြာဗီဒီယိုမယ် မီရီယမ် ရဲ့ ဖခင်ဟာ အာဖဂန်နစ္စတန်ကပြန်လာခဲ့ပါပြီ။
အာဖဂန်မှာ
စစ်တပ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ဒေါက်တာ ကယ်ဗင်ဟာကျောင်း စရိတ်
အတွက် အပြာကားတွေရိုက်ပြီးငွေရှာနေတဲ့အကြောင်း
ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့သမီးကို သတင်းတွေ
မှာတီဗီမှာမမြင်ချင်အဆုံးမြင်နေ ရ၊မကြားချင်အဆုံးကြားနေခဲ့ရပါတယ်။
Duke
တက္ကသိုလ်မှာ တက်ရောက်ဖို့ အတွက် တနှစ် ဒေါ်လာငါးသောင်းနဲ့ အထက်ကုန်ကျ
မယ့်ကျောင်း စရိတ် အတွက်သမီးဖြစ်သူဟာ အပြာကားရိုက်ပြီး ရှာဖို
့ဆုံးဖြတ်ခဲ့ပါတယ်။
ဝါရှင်တန်၊စပို့ ကိန်း က ဘာသာတရား ကိုင်းရှိုင်း
တဲ့ကတ်သလစ်မိသားစုက ကြီးပြင်းလာခဲ့တဲ့ မီရီယမ် တစ်ယောက်ခုလို သူ့ ကျောင်း
စရိတ်အတွက် အပြာကားရိုက်ပြီးငွေ ရှာခဲ့ရပါ တယ်ဆိုတဲ့ကိစ္စဟာ
မိသားအတွင်းမှာတော့ တကယ့် ကို နှလုံးကြေကွဲ စရာဖြစ်ရပ် တစ်ခုဖြစ် ခဲ့ပါတယ်။
ဒေါက်တာကယ်ဗင်(၅၄နှစ်)နဲ
့ဇနီးဟာချာရမ်(၄၈နှစ်)တို့ ဟာ သူတို့ သမီးအပြာမယ် အဖြစ်လုပ်ကိုင်နေ တယ်
ဆိုတဲ့သတင်း အင်တာနက်ပေါ်၊တီဗီတွေပေါ်မှာမထုတ်လွှင့်ခင် တရက်အလိုလောက်မှ
ဒီကိစ္စကိုသိခဲ့ကြရတယ်။အခုတော့ အရှေ့ ဆီယက်တဲလ်နဲ့ အရှေ
့မိုင်၂၅၀လောက်ဝေးတဲ့ စပို့ ကိန်း ဆင်ခြေဖုံး ကအိမ်လေးထဲ မှာ
ဒီဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ သမီးရဲ့ အဖြစ်အပျက်ကို
လက်ခံလာနိုင်အောင်တဖြည်းဖြည်းကြိုး စားနေကြရပါပြီ။
တချိန်ကကတ်သလစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့မီရီယမ်၊အခု အပြာမယ် Belle Knox
ဒေါက်တာကယ်ဗင်က ဘာသာတရားကိုင်းရှိုင်းတဲ့ ကတ်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး
စစ်ပြန်တွေကိုဆေးကုသပေးရတဲ့ လေးစား ဖို့ ကောင်းတဲ့ဆရာဝန်တစ်ယောက်ပါ။
မိခင်ဖြစ်သူကဒီလိုအပြာကားတွေဆိုတာ မကောင်းတဲ့ကိစ္စလို့ ယူဆကြတဲ့
ယဉ်ကျေးမှုရှိတဲ့အိန္ဒိယ ကလာခဲ့တဲ့သူပါ။
သမီးဖြစ်သူကို မိသားစုဝင်အဖြစ်ကစွန့် လွှတ်မှာတော့မဟုတ်ပါဘူးလို့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ မစ်မီနော က ပြောပါတယ်။
"မိသားစုအတွက်
ကြေကွဲစရာဖြစ်ရပ်ပါ။သူတို့ အဖေက ကျနော်တွေ့ ဖူးသမျှထဲမှာ အကောင်းဆုံး
ဖခင်တစ်ယောက်ပါ။သူ ခုပဲအာဖဂန်ကပြန်လာတယ်။
သူတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ခဲ့ တယ်။သူ့ သမီးအတွက်အရမ်းဂုဏ်ယူတဲ့ဖခင်
တစ်ယောက်ပါ။ခုလိုဖြစ်သွားတာတော့ အရမ်းကိုဆိုးဝါးပါတယ်။ ဒါပေမယ့်သူတို့ သမီး
ကိုသူတို့ စွန့် လွှတ်မှာတော့မဟုတ်ပါဘူး။ မိသားစုအတွင်းမှာတော့ ဒါဟာ
အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။"
Belle Knox ဆိုတဲ့နာမည်နဲ
့အပြာမယ်အဖြစ်ရိုက်ကူးခဲ့ရတာဟာ အခြေအနေတစ်ရပ်က သူ့ ကိုတွန်းပို့ လိုက်
တာကြောင့်ဖြစ် တယ်လို့ မီရီယမ်က ဆိုပါတယ်။ သူ့ မိဘတွေက ရုတ်တရက် သူ
့ကိုကျောင်းစရိတ်ထောက်ပံ့ငွေဖြတ်တောက်လိုက်ချိန်မှာ တလကို ဒေါ်လာ၅၀၀၀လောက်
ပေးရ မယ့်ကျောင်းစရိတ်အတွက် ဒီနည်းလမ်းနဲ့ ရှာခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရိုက်ကွင်းတစ်ခုမှာ သူ့ လို ပဲအပြာမင်းသားနဲ့ တွေ့ ရတဲ့ မီရီယမ်။
အင်တာဗျူးတစ်ခုမှာ
မီရီမယ် က "ကျမမှာကောလိပ်တက်နေ တဲ့ တခြားမောင်နှမတွေလည်းရှိပါတယ်။ သူတို
့အတွက်လည်းမိဘတွေ ကထောက် ပံ့ရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ကျော်လောက်က ဘွဲ
့ရခဲ့တဲ့ ကျမအဖေကလည်း ခုထိသူ့ ရဲ့ ပညာရေးအတွက်ချေးယူထားတဲ့ငွေကို တလ ဒေါ်လာ
၁၀၀၀ ပြန် ဆပ်နေရတုန်းပါပဲ။ ကျမအမေက ခုလောလောဆယ်အလုပ်လက်မဲ့။ ကျမအတွက်
ပညာရေးထောက် ပံ့ကြေး အစိုးရက ၁၃၀၀၀ရပေမယ့်မလုံလောက်ဘူး။နောက်ထပ်
၄၇၀၀၀လိုနေသေးတယ်။ "
ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ အကိုပေါလ်
သူ့ မှာ အန်နီတာ(၂၀နှစ်)နဲ့ ပေါလ်(၂၂နှစ်) အရွယ်ရှိတဲ့မောင်နှမနှစ်ယောက်လည်းရှိပါသေးတယ်။
သူတို
့နှစ်ယောက်လုံးကလည်းကောလိပ်တက်နေကြတာပါ။သူ့ တို့ တွေက သူတို့ ညီမ Duke
တက္ကသိုလ် မှာကျောင်းတက်ခွင့် ရတော့ တကယ်တော်တဲ့ ထက်မြက်တဲ့အမဖြစ်
သူအတွက်ဂုဏ်ယူခဲ့ကြတာပါ။
သူတက်ခွင့်ရခဲ့တဲ့Duke
တက္ကသိုလ်ဆိုတာလည်းနာမည်ကြီးတက္ကသိုလ်တစ်ခုပါ။ တက္ကသိုလ်ကိုတက်ဖို
့လျှောက်တဲ့ကျောင်းသား ၃၈၀၀၀ ထဲက တက်ရောက်ဖို့ ရွေးချယ် ခံရတဲ့ကျောင်း သား
၃၀၀၀ထဲမှာ မီရီယမ် ပါပါတယ်။
ကျူရှင်ခ ချဉ်းပဲ တနှစ်ကို ဒေါ်လာ ၄၇၀၀၀ရှိတဲ့ နာမည်ကျော် Duke တက္ကသိုလ်။
မီရီယမ်
ကကျောင်းမှာအမြဲတမ်း အဆင့် A ရပြီးတော်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
၂၀၁၂-၁၃ပညာသင်နှစ်မှာဆိုရင် နိုင်ငံခြားဘာသာနဲ့ ပတ်သက်ပြီး စကောလား
ရှစ်တောင်ရခဲ့ပါသေးတယ်။
သူတို့ မိသားစုအတွက် ပညာရေးဟာ
အရမ်းကိုအရေးပါပါတယ်။ သူတို့ သားသမီးတွေအားလုံးကိုတက္ကသိုလ်ကို
ရောက်အောင်ပို့ ပေးရတာကို မိဘတွေကဂုဏ်ယူတယ်။
သားသမီးတွေကိုတက္ကသိုလ်မှာထားနိုင်ဖို့ အတွက် သူတို့ အရမ်းအလုပ်လုပ်ရတယ်။
ဒေါက်တာကယ်ဗင်ကတနှစ်ကိုဒေါ်လာ နှစ်သိန်းကျော်ဝင်ငွေရှိပါတယ်။
မိခင်ဖြစ်သူက
လတ်တလောအလုပ်မရှိဘူးလို့ သိရပါတယ်။ သားသမီးသုံးယောက်ကို ပုဂ္ဂလိကကျောင်းထား
ကောလိပ်ပို့ ရတဲ့စရိတ်ဟာ ဒေါ်လာ တစ်သန်းအထက်မှာရှိပါတယ်။
သူတို့ အခုပြောင်းအိပ်ခန်းလေးခန်းပါတဲ့အိမ်က ဒေါ်လာလေးသိန်းနဲ့ ခုနှစ်သောင်းကျော်ပေးရပြီး
အဲဒီအတွက်
ပေးရမယ့်အကြွေးတွေ၊သားသမီးတွေရဲ့ ကျောင်းစရိတ်စတာတွေနဲ့  လောလော
ဆယ်ငွေကြေးအကျပ်အတည်းဖြစ်နေပုံရတယ်လို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။
တစ်ပတ်ကို ဒေါ်လာ ၄၇၇ဒေါ်လာ အကြွေးဆပ်နေရတဲ့ အိပ်ခန်းလေးခန်းနဲ့ အိမ်။
ငွေရေးကြေးရေးအပြင်
ဒေါက်တာကယ်ဗင်ဟာ အာဖဂန်ကစစ်ဖြစ်နေတဲ့နေရာမှာ တာဝန် ထမ်းဆောင်နေရ တာကာလည်း
မိသားစုတွေကြားထဲမှာ ဖိစီးမှုဖြစ်ရတဲ့အချက် တစ်ချက်
ပါ။၁၉နှစ်လုံးလုံးဒေါက်တာကယ်ဗင်ဟာကမ္ဘာအနှံ့ လှည့် ပြီးတာဝန်ထမ်းဆောင်ခဲ့
ရပါတယ်။
လောလောဆယ်သူပြန်လာတဲ့နေရာဟာ စစ်ပွဲတွေဖြစ်နေတဲ့တိုင်းပြည်ကပါ။
ဖခင်ဖြစ်သူက
စစ်ဖြစ်နေတဲ့နေရာမှာတာဝန်ထမ်းဆောင်နေရတဲ့ကိစ္စဟာ မိသားစုဝင်တွေအတွက်
အနည်းနဲ့ အများတော့စိတ်ဖိစီးမှုဖြစ်စေတာပါပဲလို့ သူတို
့မိတ်ဆွေတစ်ယောက်ကပြောပါတယ်။။
စီအင်န်အင်န်နဲ
့အင်တာဗျူးမှာ မီရီယမ် က သူ့ ရဲ့ အလုပ်အတွက်သူမရှက်ဖူး လို့ လို
့ပြောခဲ့ပါတယ်။ သူလုပ်တဲ့အလုပ်ကိုသူသဘောကျပါတယ်တဲ့။ ဒါပေမယ့် သူ့ မိဘတွေကို
မပြောခဲ့တာတော့ ၀မ်းနည်းရပါ တယ်။ အဲဒါကတော့တကယ့်အမှားတစ်ခုဖြစ်တယ် လို
့သူထင်ပါတယ် တဲ့။
ဝေဖန်ချက်တွေကတော့အမျိုးမျိုးပါ။
"သူ့ မိဘတွေက
သူ့ ကိုငွေကြေးအထောက်အပံ့ရပ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကောင်မလေးက
ဗီဒီယိုတဆက်ရှင်ရိုက်ရင် ဒေါ်လာ ၁၂၀၀ မြိုးမြိုးမျက် မျက်ရတာကို
သဘောကျနေတာ၊နောက်ပြီး ကင်မရာရှေ့ မှာ ခုလိုအရိုက်ခံရတာကိုလည်း သဘောကျနေတာ"
လို့ တယောက်ကဝေဖန်တယ်။
နောက်တစ်ယောက်ကတော့
"သူမမှားဘူး။
သူ့ မိဘတွေကသူ့ ကိုကျောင်းစရိတ် မပေးနိုင်တော့ဘူး။ တက္ကသိုလ်ပထမနှစ်မှာ
ကျောင်းစရိတ်က တစ်လ ဒေါ်လာ၅၀၀၀ကျမယ်။ အသက် ၁၈နှစ်မိန်းကလေးတစ်ယောက်က
ဒီဒေါ်လာ၅၀၀၀ ထောင်ကိုဘယ်မှာသွားရှာမလဲ။
ဒီလိုဗီဒီယိုရိုက်ပြီးငွေမရှာရင်
သူကျောင်းကအထုတ်ခံရမယ်။ သူ့ မိဘတွေက ဘာကြောင့် မထောက်ပံ့နိုင်တော့ တာလည်း
စဉ်းစားလို့ မရဘူး။ သိရ သလောက် ငွေရေးကြေးရေး
တော်တော်အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။
အခုဒီကားတွေ ရိုက်တော့
တလကိုတစ်သောင်းကနေသောင်းငါးထောင်လောက်ကို အလွယ်လေးရသွားတယ်။သူမိဘတွေက
ဝင်ငွေများတော့ အစိုးရဆီကဂရန့် ၊စကောလားရှစ် အကူအညီဘာမှလျှောက်လို
့မရဘူး။မိဘတွေဆီကလည်း မရတော့ဘူး။
Duke တက္ကသိုလ်မှာဆက်တက်ပြီး ရှေ့ နေ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သူဘာလုပ်ရမလဲ??"
ကျောင်းမှာတော့
သူ့ ကွယ်ရာရောက်ရင် လူတိုင်းကသူ့ အကြောင်းပြောကြတော့တာပါပဲ။ ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေအပြင် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေ လည်းခံရပါတယ်။
ဒါပေမယ့်သူကတော ငွေရေးကြေးရေးအတွက်
ဗီဒီယိုတွေဆက်ရိုက်နေရဦးမှာပဲဖြစ်ပါတယ်။
ခုထိတော့သူ့ ရိုက်ထားတဲ့ဗီဒီယို တစ်ဒါဇင်လောက်ရှိပြီလို့ သိရပါတယ်။
by myawady
Tuesday, March 11, 2014
ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ်ကျောင်းသူ နောက်ဆက်တွဲ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...