နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ်
ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့်
အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆
ရက်က ဖော်ပြထားသည်။
အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။
အနှစ် ၅၀ကျော် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည်
“သူ့မှာ ငွေသားချည်း ကန်ဒေါ်လာ
တစ်သန်းကျော်လောက် ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ လေးခု လည်း ရှိပါသေးတယ်”
ဟု ၎င်းမသေဆုံးမီ နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည့် အိမ်နီးနားချင်းက
ပြော ကြားခဲ့သည်ဟု Okaz တွင် ဖော်ပြထားသည်။
“သူမသေခင်မှာ
အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိုင်ဆိုင်သမျှတွေပေးဖို့ ကျွန်တော့်ကို
မှာခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့
ဂုဏ်ပုဒ်ကိုထောက်ပြီး အကုန်လုံးကို ပေးသွားမှာပါ၊ လိုအပ် တာတွေကို
အမြန်ဆုံးဆက်လက် လုပ်ဆောင်သွားပါမယ်” ဟုလည်း ၎င်း အိမ်နီးနားချင်းက
ပြောကြားခဲ့သည်။
by mizzima
Tuesday, March 18, 2014
နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...