ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း
စာစစ်ဌာနတွင် မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်က တက္ကသိုလ်ဝင်တန်း
စာမေးပွဲ လာရောက်ဖြေဆိုသော ကျောင်းသား တစ်ဦး သန့်စင်ခန်းသို့ သွားစဉ်
မြွေကိုက် ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်တွင်
နေထိုင်သူ အသက် ၂၃ နှစ် အရွယ် ကိုသက်ထွန်းဦးသည် သိပ္ပံ ဘာသာတွဲ မဖြေဆိုခင်
အဆိုပါကျောင်းရှိ သန့်စင်ခန်းသို့ သွားခဲ့ရာမှ ရေအိမ်အဆင်းတွင် ၎င်း၏
ညာခြေမျက်စိ အထက်နားကို မြွေကိုက်ခံခဲ့ရကြောင်း အဆိုပါ အထက်တန်းကျောင်း
ဆရာ၊ ဆရာမများထံမှ စုံစမ်း သိရှိရသည်။
“မြွေကိုက်ခံရတယ်လို့
သိသိချင်း ဆေးရုံ ပို့ခဲ့တာ။ မြွေကိုက်ခံရတဲ့ ဒဏ်ရာ တွေ့ပေမယ့်
ဘာမြွေဖြစ်ကြောင်း လတ်တလော မသိသေးဘူး။ ကလေးရဲ့ ကျန်းမာရေး အခြေအနေက
မစိုးရိမ်ရတော့ဘူး ဆိုပေမယ့် စောင့်ကြည့်နေဆဲပါ” ဟု မြွေကိုက်ခံရသူ
ကျောင်းသားကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သော ဆရာမတစ်ဦးက
ရှင်းပြသည်။
အဆိုပါကျောင်းရှိ သန့်စင်ခန်းနှင့် အနီးတဝိုက်တွင်
ကျောင်းသားကို ကိုက်ခဲ့ သည့် မြွေကို အနီးရှိ လူများက ဝိုင်းဝန်း
ရှာဖွေသော်လည်း မတွေ့ရှိသောကြောင့် လတ်တလောတွင် မြွေအမျိုးအမည်ကို
မသိရှိရသေးကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ ရဲအရာရှိ
တစ်ဦးက ပြောကြားသည်။
“ကျောင်းအိမ်သာနားက မြက်ပင်တွေ အမြဲ
ရှင်းလင်းထားတာ။ ဘယ်လို မြွေဝင်လာပြီး ကိုက်တယ်ဆိုတာ မသိပေမယ့် ဆေးရုံ
ပို့ချိန်မှာ အဆိပ်တက်တဲ့ လက္ခဏာမျိုး သူခံစားနေရတာ ကိုတော့ တွေ့ရတယ်” ဟု
အဆိုပါ ကျောင်းသားကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့သည့် ကျောင်းဆရာမ
တစ်ဦးက ရှင်းပြသည်။
ဆယ်တန်း စာမေးပွဲ ဖြေဆိုစဉ်
ကျောင်းအိမ်သာအတွင်း မြွေကိုက် ခံရသောကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)
မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် သင်္ဃန်းကျွန်း
စံပြဆေးရုံ၊ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့
အဆင့်ဆင့် လွှဲပြောင်းကုသခဲ့ရာ ယင်းနေ့ မွန်းလွဲ ၁ နာရီ ခန့်က
မြွေကိုက်ခံရသော ကျောင်းသားမှာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
by the voice weekly
Tuesday, March 18, 2014
တောင်ဒဂုံ အ.ထ.က (၃) တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေ ကျောင်းသား မြွေကိုက်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...