<div style='background-color: none transparent;'></div>

Tuesday, March 11, 2014

နိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီးဖြစ်သူရဲ့ ယောင်္ကျား ချမ်းသာတာကို ကြောက်လို့ဇနီးဖြစ်သူကို ကွာရှင်း

လူတိုင်း ဟာ ချမ်းသာ မှုကို နှစ်သက် မြတ်နိုး ကြ စမြဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ အင်္ဂလန် နိုင်ငံမှာ နေထိုင် တဲ့ အသက် (၅၇) နှစ် အရွယ်ရှိ ကျောင်းဆရာ တိုနီ ဟော့ကင်း ဟာ ချမ်းသာ မှုကို ကြောက်ရွံ့ တာမို့ ဗြိတိန်ရဲ့ အချမ်း သာ ဆုံး အမျိုး သမီး အဖြစ် သတ်မှတ် ခြင်းခံထား ရတဲ့ အသက် (၅၁) နှစ် အရွယ် ရှိ ဇနီးဖြစ်သူ လီကို ကွာရှင်း ခဲ့တယ် လို့ သိရပါ တယ်။

ဟော့ကင်း ဟာလီ နဲ့ (၂၁)နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ကွာရှင်း ပြတ်စဲ မှုပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ သူတို့ရဲ့ အိမ် ထောင်ရေးဟာ အစောပိုင်းမှာ သာယာချော မွေ့ခဲ့ပါတယ်။ ဒါပေမဲ့ လီဟာ ကုန်တိုက် လုပ် ငန်း တွေနဲ့ ချမ်းသာကြွယ်ဝခဲ့ပြီး နောက် ပိုင်းမှာတော့ အိမ်ထောင်ရေးဟာ မသာ ယာမှု တွေစတင် ဖြစ်ပွား လာ ခဲ့ ပါ တယ်။ ဟော့ကင်း ဟာ ဘ၀ကို အေးဆေး စွာဖြတ်သန်း လိုသူ ဖြစ်ပြီး ဇနီးဖြစ်သူရဲ့ အဆမတန် ချမ်းသာ ကြွယ်ဝ လာမှုဟာ သူ့ကိုများ စွာ စိတ် အနှောင့် အယှက်ဖြစ်စေခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ ချမ်း သာကြွယ်ဝမှုဟာ ပေါင် (၁ ဒသမ ၁)ဘီလီယံ အထိရှိပြီး၊ ဗြိတိန်ရဲ့ အချမ်းသာဆုံးအမျိုး သမီး အဖြစ် သတ်မှတ် ခံထားရပြီး ဆား ရေး အရပ်ဒေသမှာ ပေါင်(၁ ဒသမ ၅) သန်းတန် နေအိမ်ကြီးကို ၀ယ်ယူထားပါတယ်။ လီ ဟာ အဖိုးတန် ဇိမ်ခံ ရွက် လှေပေါ်တွေမှာ အနား ယူတတ်ပြီး ပေါင်(၉၀၀) တန် ၀ိုင်ပုလင်း တွေကို သောက်သုံးလေ့ရှိပါတယ်။ ဟော့ကင်း ကတော့ ရိုးရိုးအေးအေးနေထိုင်သူဖြစ်တာမို့ ချမ်းသားမှု ဒဏ် ကို လုံးဝ မခံနိုင် ခဲ့ပါဘူး။ သူတို့ ဇနီး မောင် နှံမှာ အသက် (၁၇)နှစ် အ ရွယ် သား တစ်ဦး ရှိပါတယ်။ ဟော့ကင်း ဟာ ကျောင်းဆရာဘ၀နဲ့ အ သက် မွေးဝမ်း ကျောင်းပြု နေစဉ် မှာ သူ့ဆီမှာ စာလာ သင်တဲ့ လီနဲ့ ဖူးစာ ဆုံခဲ့ခြင်းဖြစ်ပါတယ်။ ဟော့ကင်း က ချမ်း သာမှုဟာ သူ့ကို မငြိမ်မသက်ဖြစ် စေခဲ့ပါတယ်။ ချမ်းသာတဲ့ လူနေမှု စရိတ်ကို လည်း ကျွန်တော်နှစ်သက် ခြင်းမရှိပါဘူး”လို့ ပြော သွားခဲ့ ပါတယ်။ ဟော့ကင်းဟာ လက်ရှိ အချိန်မှာ အချိန်ပိုင်း ကျောင်းဆရာအဖြစ်သာ လုပ် ကိုင်တော့ပါတယ်။ သူတို့ဇနီးမောင်နှံ ကွာရှင်းချိန်မှာ ဟော့ကင်း အနေနဲ့ လျော် ကြေးငွေ ပေါင်(၁) သန်း ကို သာ ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ကျေနပ်မှုရှိတယ် လို့ ပြောကြား ခဲ့ပါ တယ်။ လီဟာ ဗြိတိန် တစ်ဝှမ်းမှာ ကုန် တိုက်ပေါင်း (၂၂) ဆိုင် ဖွင့်လှစ် ထားပြီး တရုတ် အမျိုးနွယ် ၀င် တစ်ဦးဖြစ်တာမို့ တရုတ် စူပါလိဂ်ပြိုင်ပွဲဝင် ဘောလုံး အသင်းတစ် သင်းကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါ တယ်။
Photo: နိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီးဖြစ်သူရဲ့ ယောင်္ကျား ချမ်းသာတာကို ကြောက်လို့ဇနီးဖြစ်သူကို ကွာရှင်း

by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...