<div style='background-color: none transparent;'></div>

Tuesday, March 11, 2014

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို အဆင့်(၁)ချိတ်

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ Goal.com မှ ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး ကစားသမားစာရင်းတွင် ပေါင် ၁၂၂သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရီးရဲလ်နှင့်အတူ ပေါင် ၈၆.၅သန်းတန် ၅နှစ် စာချုပ်ချုပ်ဆိုခဲ့သည့် ရော်နယ်ဒိုမှာ တစ်နှစ်လုပ်ခ ပေါင် ၁၄.၃ သန်းရရှိနေကာ Nike, Armani, Castrol Edge, Jacob & Co, Herbalife, Banco Espirito Santo and KFC စသည့် ကုမ္ပဏီများနှင့် စပွန်ဆာ စာချုပ်များ ချုပ်ဆိုခဲ့ခြင်းကြောင့် ယမန်နှစ်က ကမ္ဘာ့အချမ်းသာဆုံး ဘောလုံး သမားအဖြစ် ရပ်တည်ခဲ့သည့် ဘက်ခမ်း၏နေရာကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရင်းတွင် မက်ဆီက ပေါင် ၁၂၀.၅သန်းဖြင့် ဒုတိယ၊ အီတူးက ပေါင်သန်း ၇၀ဖြင့် တတိယ၊ ရွန်နီက ပေါင် ၆၉သန်းဖြင့် စတုတ္ထ၊ ကာကာက ပေါင် ၆၇.၅သန်းဖြင့် ပဉ္စမနေရာများ ရပ်တည်နေသည်။ ထို့အပြင် နေမာက ပေါင် ၆၆သန်းဖြင့် အဆင့်(၆)၊ ရော်နယ်ဒင်ဟိုက ပေါင် (၆၄)သန်းဖြင့် အဆင့်(၇)၊ အီဘရာဟီမိုဗစ်က ပေါင် (၅၇)သန်းဖြင့် အဆင့်(၈)၊ ဘူဖွန်က ပေါင် (၅၂)သန်းဖြင့် အဆင့်(၉)နှင့် ဟင်နရီက ပေါင်(၄၇)သန်းဖြင့် အဆင့်(၁၀)နေရာတွင် ရှိနေသည်။

Photo: ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို အဆင့်(၁)ချိတ်

YoYarLay
YoYarLay

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...