ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံတင်း ကျေးရွာအုပ်စု ပန်လော့ကျေးရွာတွင် နေထိုင်နေသော ဦးမောင်ဝင်း
သည် ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ၊ သားဖြစ် သူမောင်ဆာ၊ သမီးဖြစ်သူ
မအေးမွန်တို့နှင့် အတူ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက ပန်လော့ကျေးရွာ၏
အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ ၎င်းတို့၏ တောင်ယာမှ ပြန်လာရာ ကျေးရွာအနီးသို့
ရောက်ရှိစဉ် SSA (ဝမ်ဟိုင်း)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား
ဦးမောင်ဝင်းက နင်းမိပေါက်ကွဲခဲ့ခြင်း ကြောင့် ဦးမောင်ဝင်း ၅၄ နှစ်နှင့်
မောင်ဆာ ၆နှစ်တို့မှာ ရရှိဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး
သေဆုံးခဲ့ပြီး ဒေါ်မယ်ခမ်းဆွေမှာ ယာဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာနှင့်
မအေးမွန်မှာ ယာဘက်လက်ခုံ မိုင်းစဖောက်ဝင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
သေဆုံးသူ နှစ်ဦးအား ကျေးရွာဓလေ့ ထုံးစံနှင့်အညီ သဂြုင်္ိဟ်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ကျောက်မဲခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိကြောင်းနှင့် SSA(ဝမ်ဟိုင်း) အဖွဲ့၏ လုပ်ရပ်များ အပေါ် ဒေသခံပြည်သူ များက စိုးရိမ်ပူပန်လျက် ရှိကြောင်း သတင်း ရရှိသည်။

Credit to:မြန်မာပြည်သား

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...