ခရီးသည် ၃၀၀ ကျော် လိုက်ပါလာသော Asiana Flight ၂၁၄ လေကြောင်း လိုင်းမှ လေယာဉ်သည် ဆန်ဖရန်စစ္စကို လေဆိပ်သို့ဆင်းသက်စဉ် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ လေယာဉ်မှူး၏ အမှားကြောင့် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား
ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က အင်္ဂါနေ့ တွင် ယင်းကဲ့သို့
ကောက်ချက်ဆွဲ ပြောကြားလိုက်ခြင်း ဖြစ်သည်။
Asiana Flight
လေယာဉ်မှူးသည် အလိုအလျောက် လေယာဉ်မောင်းစနစ်ကို အပြည့်အဝ နားလည်မှု
မရှိခြင်းကြောင့် ယင်းသို့ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း အမျိုးသား
ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ် အဖွဲ့၏ ယာယီဥက္ကဌဖြစ်သူ Chris Hart က
ပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံအခြေစိုက်
အဆိုပါလေကြောင်းလိုင်း လေယာဉ်မှူးကို သင်တန်းပေးစဉ်ကတည်း
မှားယွင်းသင်ကြားပေးခဲ့ခြင်းလည်း ဖြစ်သည်။ လိုက်ပါလာသည့် ခရီးသည် ၃၀၇
ဦးတွင် တရုတ်နိုင်ငံသား ဆယ်ကျော်သက်
(၃)ဦး သေဆုံးခဲ့ပြီး ၂၀၀ ဦး ဒဏ်ရာ ရရှိကာ ၄၉ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။
လွန်ခဲ့သည့် (၅)နှစ်တာ ကာလအတွင်း အမေရိကန်ပြည်ထောင်စုတွင် ပျက်ကျခဲ့ သည့်
လေယာဉ်များအနက် ခရီးသည် သေကြေမှု အများဆုံး ဖြစ်ရပ် တစ်ခုလည်း ဖြစ်သည်။ ၂၀၁၃
ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့က ယင်းကဲ့သို့ ပျက်ကျခဲ့ခြင်းလည်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်ထုတ်လုပ်မှုပုံစံ၏ အားနည်းချက် အချို့ကြောင့်
ဖြစ်သော်လည်း လေယာဉ် ပျက်ကျရခြင်း၏ အဓိက အကြောင်း အရင်း မှာ
လေကြောင်းလိုင်းနှင့်လေယာဉ်မှု၏ အပြစ်ကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။
အဆိုပါလေကြောင်းလိုင်၏ဝါရင့်လေယာဉ်မှူး (၃)ဦးမှာလည်း အမှားအယွင်း
(၂၀)နှင့် (၃၀)ကြား တွင် ပြုလုပ်ခဲ့ဘူးသည်။
အဆိုပါအမှားများအနက် ဖြစ်ပေါ်ရသည့် အမှားအများစုသည် လေယာဉ်မှူးများ
အနေဖြင့် ဆင်းသက်စဉ်ကာလအတွင်း ပျံသန်းနေသည့် လေယာဉ်၏အမြန်နှုန်း၊
အမြင့်ပေတို့နှင့်ပတ်သက်၍ လိုက်နာရမည့်သတိပေးချက်များကို လိုက်နာခြင်း
မရှိသည့်အတွက်ကြောင့် ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ် သည်။
လေယာဉ်မှူးများအတွက် ပိုမိုကောင်းမွန်သည့် သတိပေးစနစ်ရှိသင့်ကြောင်း ဘုတ်အဖွဲ့က အကြံပြုထားသည်။
လေယာဉ်ပျံသန်းမှုသည် အလွန်နိမ့်ပြီး အလွန်နှေးကွေးကြောင်း၊ ယင်းသို့
ဖြစ်ပျက်နိုင် သည်ကို ကြိုတင်သိရှိ ရှောင်ရှားနိုင်ရန်အတွက် လုံလောက် သည့်
သတိပေးစနစ်ရှိသင့်ကြောင်း ခရီးသည်မိသားစု များ အတွက် ရှေ့နေ
လိုက်ပေးနေသည့်လေကြောင်းဆိုင်ရာရှေ့နေ Marc Moller က ပြောဆိုကြောင်း AP
သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
MOI Webportal Myanmar
Wednesday, June 25, 2014
Asiana Flight ၂၁၄ လေကြောင်းလိုင်း မှ လေယာဉ် ပျက်ကျရခြင်းသည် လေယာဉ်မှူး၏ မှားယွင်းမှုကြောင့် ဖြစ်သည်ဟု အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က မှတ်ချက်ပေး ပြောကြား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...