<div style='background-color: none transparent;'></div>

Wednesday, June 25, 2014

သြစတြီးယား နိုင်ငံမှ အသန်မာဆုံး အမျိုးသားက ကမ္ဘာ့အလေးဆုံး လေယာဉ်ကို ကြိုးဖြင့်ဆွဲပြ၍ စံချိန်တင်

သြစတြီးယား နိုင်ငံမှ အသန်မာဆုံး အမျိုးသား ဟု သတ်မှတ် ထားခြင်း ခံရသည့် အမျိုးသား တစ်ဦးသည် ဘိုးအင်း ကုမ္ပဏီထုတ် ကမ္ဘာ့ အကြီးဆုံး Boeing 777 အမျိုးအစား လေယာဉ်ကြီးကို ကြိုးတစ်ချောင်း တည်းဖြင့် ဆွဲပြ၍ ကမ္ဘာ့စံချိန် တင်နိုင် ခဲ့ကြောင်း သိရသည်။ အသက် ၄၄ နှစ် အရွယ်ရှိ ဖရန့်ဇ်မူယယ်နာ သည် အဆိုပါ လေယာဉ်ကို ဇွန်လ ၂၃ ရက်က ဗီယင်နာမြို့ ရှိ ရွှီချက် လေယာဉ်ကွင်း တွင် အကွာအဝေး ၁၄ ဒသမ ၅ မီတာအထိ ရောက်အောင် ဆွဲပြနိုင် ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဆွဲပြရာတွင် အစောပိုင်း က ခန့်မှန်း ထားသည့် အချိန်ထက် ၁၅ မိနစ်စော၍ အောင်မြင်စွာ ဆွဲပြ နိုင်ခဲ့ခြင်း ဖြစ်သည်။ သြစတြီးယား လေကြောင်းလိုင်း ပိုင် အဆိုပါ လေယာဉ်ကြီးတွင် အင်ဂျင်နှစ်လုံး တပ်ဆင် ထားသော်လည်း မူယယ်နာ က အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကို ယင်းသို့ ကြိုးဖြင့် ယခင်က မည်သူ တစ်ဦး တစ်ယောက်မျှ ဆွဲပြနိုင်ခြင်း မရှိသေးကြောင်း လေကြောင်းလိုင်း မှ တာဝန်ရှိ သူတစ်ဦး ဖြစ်သူ ခရစ်ရှန် ဘိုးအား က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...