<div style='background-color: none transparent;'></div>

Saturday, June 28, 2014

မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး

 မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဗညားဒလ လမ်းဆုံနေရာတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်မှ ပြောပြသည်။

မုံရွာ - တင်တိန်ရံ လူစီးအဆန်ရထား စက်ခေါင်းအမှတ် (DMG – 206) ရထားအား စက်ခေါင်းမောင်း ဦးသန်းကြွယ်မှ မောင်နှင်လာစဉ် LUOJIAI 125 အမျိုးအစား၊ ယာဉ်အမှတ် ၂၉ယ/ ၁၇…. ဆိုင်ကယ်သည် ဗညားဒလလမ်းအတိုင်း အရှေ့မှ အနောက်သို ဦးဝင်းမောင် အသက်(၅၀)နှစ်ဆိုသူမှ စီးနင်းလာစဉ် ရထား အား တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်း၏ သေမှုသေခင်းဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုင်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ ဦးဝင်းမောင်မှာ ၀ဲဘက်ခြေထောက် ပေါင်အရင်းမှ ပြတ်တောက်သွားခဲ့ပြီး၊ ညာဘက်ခြေသလုံးကြေမွသွားကာ ၀ဲဘက်ပါးပြင်တွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ သည်။ ၎င်းဒဏ်ရာများကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းက အဆိုပါ လူသေဆုံးခဲ့မှုအား သေမှုသေခင်းအမှတ်စဉ် ၁၇/ ၂၀၁၄ အရ အမှုဖွင့်ဆောင်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...