ဟိုတယ်အခန်းတံခါးကို မှားခေါက် မိရာမှ စကားများရန်ဖြစ်ပြီး အသင့်ပါလာသည့်
သေနတ်ဖြင့် ပစ်ခတ်မှု မန္တလေးမြို့ ရွှေဖြူဟို တယ်တွင်ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
ဇူလိုင် ၄ ရက် နံနက် ၁ နာရီခန့်က အသက်(၂၅)နှစ်အရွယ် အမျိုးသားသည်
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက် အတွင်းရှိ ရွှေဖြူဟိုတယ်သို့
တည်းခိုရန်ရောက်ရှိစဉ် အခန်းတံခါး မှား ခေါက်မိရာမှ စကားများရန်ဖြစ်ကာ
အခန်းတွင် တည်းခိုသူအမျိုးသားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်ပြီးလျှင်ပြီး ချင်းတရားခံအမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်သွားသော်လည်း နံနက် ၅ နာရီတွင်ပင် ရွှေဖြူဟိုတယ်အနောက်ဘက်ရှိ ဒူးကြားလမ်းတွင် ဖမ်းဆီးရမိကာ ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
‘‘ကျူးလွန်သူတွေက လားရှိုး တို့၊ မူဆယ်တို့ဘက်ကဆိုတော့ လက်နက်ကိုင်တာနဲ့ပတ်သက်ပြီး လိုင်စင်ရှိ၊ မရှိစုံစမ်းစစ်ဆေးနေ တယ်။ လိုင်စင်မရှိရင်တော့ လက်နက်ပုဒ်မနဲ့ အရေးယူမှာပေါ့။ အခုလောလောဆယ်တော့ တရားခံကို ဖမ်းဆီးထားတယ်’’ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။
သေနတ်ကိုင်ဆောင်သူကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ခုမှဟုတ်၊ မဟုတ် စစ်ဆေးမှုများ ပြုလုပ်နေပြီး လက်နက်ကိုင်အဖွဲ့ များကို သက်ဆိုင်ရာနယ်မြေများ တွင်သာ ကိုင်ဆောင်ခွင့်ပေးထား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် အသက် (၂၅)နှစ်အရွယ် အမျိုး သားမှာ ဝဲဘက်နားထင်ကို ရှပ်ထိ ခဲ့ပြီး သတိရလာခြင်းမရှိသေး သည့်အတွက် မန္တလေးအထွေ ထွေ ရောဂါကုဆေးရုံကြီး အရေး ပေါ်ထိခိုက်ကုသဆောင်သို့ တင် ပို့ကုသထားကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိ သည်။
by 7daynews

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...