မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ အလယ်တန်းကျောင်းခွဲတစ်ခုရှိ
ကျောင်းသား၊ ကျောင်းသူ ငါးဦးသည် ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီ
ထမင်းစားချိန်တွင် စားမိသည့် အစာများကြောင့် အစာအဆိပ်သင့်ခဲ့ကြောင်း
သာစည်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူးက ပြောကြားသည်။
နေ့လယ် ထမင်းစားချိန်တွင် ဗျိုင်းသား၊ ဘဲဥ၊ တညင်းသီးနှင့် ကျောင်းပြင်ပတွင် ရောင်းချသည့် မုန့်များစားပြီး ဝမ်းလျှော၊ ဗိုက်အောင့်ဖြစ်ကာ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ကြောင်း ၎င်းကဆိုသည်။
ကျောင်းသား၊ ကျောင်းသူများသည် ထမင်းချိုင့်များကို စာသင်ဆောင်
ကျောက်သင်ပုန်းဘေးရှိ စားပွဲပေါ်တွင် စုပုံထားခဲ့ပြီး ထမင်းချိုင့်ထဲသို့
မြေဖြူမှုန့်များ ဝင်နေခြင်း၊ ကျောင်းသား/သူများ ထမင်းစားရာတွင် အိမ်မှပါသော
ဟင်းလျာများမှာ တညင်းသီး၊ ကြက်ဥ၊ ဘဲဥ၊ ငါးခြောက်ကြော်၊ ပဲကြော်၊
ဆက်ရက်ကြော်၊ ငှက်ကြော်တို့ဖြင့် ထမင်းများကို စားခြင်း၊ ကျောင်းပြင်ပတွင်
ရောင်းချသည့် ပိန္နဲသီး၊ ရေခဲခြစ်တို့ကို စားသောက်ခြင်းတို့ ရှိခဲ့ကြကြောင်း
၎င်းက ထပ်မံပြောကြားသည်။
“ကလေးငယ်တွေက အစားမှားတာ၊
ဗိုက်ထဲဝင်သွားတဲ့ အစာက အဆိပ်ဖြစ်ရင် တစ်နာရီလောက်မှာ ဖြစ်တယ်။
ဆေးခတ်ထားတယ်ဆိုရင် ၁၀ မိနစ်အတွင်းမှာ သိရတယ်။ အခုက အစားစားပြီးတဲ့အချိန်
လေးနာရီလောက်မှာ ဖြစ်တာဆိုတော့ ဘာကြောင့် ဖြစ်တယ်ဆိုတာ မပြောတတ်ဘူး။
ကလေးတွေကတော့ သက်သာနေပါပြီ။ အစာအိမ်ဆေး ပေးတယ်လို့ သိရတယ်” ဟု
ဒုတိယမြို့နယ် ပညာရေးမှူးက ဆိုသည်။
သာစည်မြို့နယ်
ကုက္ကိုပေါက်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲမှ ဆေးရုံသို့ ည ၈ နာရီအချိန်တွင်
၅ တန်း ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး၊ ၅ တန်း ကျောင်းသူနှစ်ဦး၊ ၇
တန်းကျောင်းသူတစ်ဦးတို့ စာသင်ကျောင်းမှ အပြန် သုံးကြိမ်ခန့် ဝမ်းလျှောပြီး
ဗိုလ်အောင့်သဖြင့် မိဘများက သာစည်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း
သာစည်မြို့နယ် ပညာရေးမှူးရုံးမှ ထပ်မံ စုံစမ်းသိရှိရသည်။
ကလေးငယ်လေးများသည် ထမင်းစုစားနေစဉ် ၎င်းတို့ ထမင်းချိုင့်အတွင်း
ပန်းရောင်အမှုန့်များ တွေ့ရှိသဖြင့် သူငယ်တန်းပြဆရာမကို
သွားရောက်ပြောပြခဲ့ရာ ဆရာမက ကျောင်းသူတစ်ဦး၏ ထမင်းချိုင့်အတွင်းရှိ
ပဲကြော်နှင့် ငါးခြောက်ကြော်ပေါ်တွင် တွေ့ရသော အမှုန့်များကို လက်ဖြင့်
တို့ပြီး လျှာဖြင့် လျက်ကြည့်ရာ မည်သည့်အရသာမျှ မရှိသဖြင့်
ကျောင်းသား/သူများကို ယင်းအမှုန့် ဖယ်ပြီးစားရန် ပြောခဲ့ကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး
ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍
အကြောင်းကြားစာ ရောက်လာခြင်း မရှိသေးကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
by the voice weekly
Thursday, June 26, 2014
သာစည် အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူငါးဦး အစာအဆိပ်သင့်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...