<div style='background-color: none transparent;'></div>

Saturday, June 28, 2014

အရက်အတူသောက်ရာမှ စားခုတ်မှုဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မြို့ဟောင်းကျေးရွာ၏ အနောက် မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ ၁၆ လုံးတဲတိုက်တွင် ဇွန် ၂၁ ရက်နေ့ညက အမျိုးသားတစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသတင်းအရ အလယ်ချောင်းနယ်မြေရဲစခန်းမှ ရဲအုပ်သိန်းလွင်နှင့် အဖွဲ့သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ ၁၆ လုံးတဲတိုက်နေ မြင့်ဌေး(ခေါ်)ညီပုတွင် နောက်ကျောပြတ်ရှ ဒဏ်ရာလေးချက်၊ ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် ၎င်းတဲပေါ်တွင်သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါနေ့ည ၇ နာရီက ၁၆ လုံး တဲတိုက်နေ မြင့်ဌေး(ခေါ်)ညီပုသည် နေအိမ်တဲတိုက်တွင် ကျော်စိုးမင်း(ခေါ်) ဖိုးတဲနှင့်အတူ အရက်သောက်စားရာမှ စကားများရန်ဖြစ်စဉ် ကျော်စိုးမင်းမှ ဓားမရှည်ဖြင့် ခုတ်ခဲ့သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ခုတ်သူ ကျော်စိုးမင်းအား အရေးယူပေးရန် ရဲအုပ်သိန်းလွင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အလယ် ချောင်းနယ်မြေ ရဲစခန်းမှ (ပ)၂/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


by MOIWebportalMyanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...