အမျိုးသားသုံးဦးကို အကျိုးစီးပွား ပျက်စီးစေမှု များဖြစ်သည့် ဥပဒေပုဒ်မ ၄၂၇ ၊၄၂၈တို့ဖြင့် ထောင်ဒဏ် နှစ်နှစ်ခြောက်လ ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး အမျိုးသမီး သုံးဦးကို ဥပဒေပုဒ်မ ၄၂၇ဖြင့် ထောင်ဒဏ် ခြေက်လ ကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။
“ ဒီအဓိကရုဏ်းမှာ သေနတ်နဲ့ပစ်ခဲ့တဲ့ရဲတွေက ဘယ်စခန်းက မှန်းလဲမသိဘူး။ သူတို့ကို အရေးယူ တယ်လို့လဲမကြားမိဘူး။ ရွာသားတွေရဲ့ အပြစ်ကိုလျှော့ပေါ့ပေးနိုင်ဖို့ ကျွန်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တွေ့ပြီး တောင်းဆိုပေးခဲ့တယ်” ဟု ၎င်းကပြောကြားသည်။
ရှားခဲအင်းအဓိကရုဏ်းတွင် ပါဝင်သူခုနှစ်ဦးခန့်ထွက်ပြေးတိမ်း ရှောင်နေ၍ ဖမ်းဝရမ်းထုတ်ထားပြီး ယခု ပြစ်ဒဏ်ချမှတ်ခံရသူ များသည် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများ မဟုတ်ကြောင်း ထောင်ဒဏ် ချမှတ်ခံ ရသူများ၏ မိသားစုဝင်များက ပြောကြားသည်။
“အဘသမီးလေးရဲ့ယောကျာင်္းက အဲဒီအဓိကရုဏ်းမှာ ရဲက သေနတ်နဲ့ပစ်လို့သေခဲံ့ရတယ်။ သမီးလေးက ဘာမှမသိဘူး။ သူ့ယောကျာင်္း ဆုံးပြီဆိုတာ ကြားလို့ သတိတွေလစ်နေတာ လုံးဝ ဒီကိစ္စမှာ မပါပဲ ထောင်ချခံခဲ့ရတာ” ဟု ထောင်ဒဏ် တစ်နှစ်ခံခဲ့ရသူကလေးနှစ်ယောက်မိခင် မစန္ဒာကြည်၏
ဖခင်ဖြစ်သူ ဦးချစ်တင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ လေလံချထားပေးမှုများမှ တဆင့် အကြမ်း ဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သော ရှားခဲကျေးရွာတွင် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ ညကနေ အိမ်သို့ ပြန်လာသော ကိုဝင်းနိုင်အား အင်းလေလံရရှိသူ ၀ိုင်းဝိုင်းလည် အဖွဲ့မှ ဆိုင်ကယ်မီးများ ထိုးကာ ၀ိုင်ဝန်းအကြမ်းဖက် သတ်ဖြတ်ခဲ့မှုမှ တဆင့် လာသော ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ထိပ်တိုက် တွေ့ဆုံခဲ့ရာ တွင် ရဲတပ်ဖွဲ့မှပစ်ခတ်ခဲ့မှုကြောင့် ရှားခဲရွာသားနှစ်ဦး ထပ်မံသေဆုံးခဲ့ရသည်။
သက်သက်မိုးသူ
People power











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...