ပြူတင်းဝကြည့် ကောင်းကင်အတိလေ
တိမ်ဖြူညိုမဲ ရောယှက်ရွေ့နေ
ေေ လေနှင်ရာသွား ဝေဟင်ယံတလွှား
လွတ်လပ်ခြင်းပြည့် လွှင့်ပါစီးမျှော
အားကျဖွယ်လေ ။
မေ့ရင်တွင်းကြည့် နှစ်ကိုယ်သိလေ
အခွင့်မသာလို့ ဝေးကွာကာနေ
ပေါ်မလာတာ အတော်ကြာပြီဆို
သတိရမှုအလျဉ် နှောင်ဖွဲ့ဖြစ်တည်
နှလုံးအိမ်ထဲ ဆွေးနေမြဲမို့
လျော့ပါးမှုကင်း တမ်းတခြင်းနှင့်
နွမ်းလျဖွယ်လေ ။
လာလေ…လာလှည့်…ရွှေမိုးရေ
မရွာဘဲမမဲ မပြိုဘဲထစ်ချုန်းပါနဲ့
မိုးစက်မစို တိမ်တွေမငိုရင်
မိုးမျှော်သူ့ရင် ပူငွေ့လျှံဝေ
အနေခက်ပြီလေ ။
ေ ခေါ်လေ…ခေါ်လှည့် …ချစ်သူရေ
မမုန်းဘဲဝေး မပျော်ဘဲ ဆွေးချင်ပါနဲ့
သံယောဇဉ်ကြိုး ခိုင်မြဲတိုးနှောင်
ရုန်းမရသူရင်ထဲ ဖြတ်မရနွယ်
ရစ်ပတ်တွယ်လျက် ရှေ့ခရီးတွက်
တွဲလက်ယှက်ဖို့ ကြိုနေပါရစေ
အမြန်လှမ်းခဲ့လေ ။
``ဟန်နီမွန်´´
by ကဗျာနန်းတော်
Tuesday, June 24, 2014
*ကြိုနေပါရစေ*
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...