<div style='background-color: none transparent;'></div>

Tuesday, June 24, 2014

'ခွေးမလေး'

တစ်ချိန်က နင်ဟာ
ကောင်မလေးပေါ့
ခုတော့ခွေးမလေး
'ပျားရည်ကို ခွေးမလျက်ဘူး'
ဟုတ်တယ်
ငါ ဘယ်လောက်ချစ်ချစ်
နင်ငါ့ကို ရစ်တယ်
ညစ်တယ်
ရက်စက်တယ်
နင်ဟာ ခွေးထက်ဆိုးတယ်

'ခွေးခုန်လို့ ဖုန်မထဘူး'
နင်ခုန်သွားတော့
ငါ ဒေါသပုန်းထတယ်
ပျားရည်တိုက်တဲ့လက်
နင် ကိုက်ဖျက်တယ်
ဟုတ်တယ်
နင်ဟာ ခွေးထက်ဆိုးတယ်

ကမ္ဘာကြီးက လုံးတယ်
နင်က ငါ့ကိုမုန်းတယ်
ဟုတ်တယ်
ကမ္ဘာကြီး လုံးသရွေ့
ငါ လည်းနင့်ကိုမုန်းနေမယ်

ငါရဲ့ ခွေးမလေး…
ဒီစာဖတ်ပြီး နင်မဟောင်နဲ့
ငါ အိပ်ရေးပျက်တယ်
ငါ ဘယ်တော့မှ
ထမကြည့်တော့ဘူး

မုန်းအက္ခရာ


by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...