ဒဂုံတက္ကသိုလ်ကျောင်း ဝင်းအတွင်း ယာဉ်တိုက်သေဆုံးခဲ့ သည့် ဥပဒေ ကျောင်းသား
အမှုမှ ယာဉ်မောင်း ကို ဇွန်လ ၂၆ ရက် တွင် တရားရုံး၌ စတင်စစ်ဆေး
မည်ဖြစ်ကြောင်း ဒဂုံအရှေ့မြို့ နယ်ယာဉ်ထိန်း တပ်ဖွဲ့မှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဇွန်လ ၁၂ ရက်နေ့လယ် ၁
နာရီခွဲအချိန်တွင် ဒုတိယနှစ် ဥပဒေ ကျောင်းသား တစ်ဦး ၎င်း၏ချစ်သူနှင့်စကားများ
ရန်ဖြစ်ပြီး ကျောင်းဝင်းအတွင်း မောင်းနှင်လာသော
တက္ကသိုလ်ကြိုပို့ယာဉ်ဘီအမ်ကားရှေ့သို့ ဖြတ်ပြေးကာ
သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသေဆုံးမှုနှင့်ပတ်သက် ၍ ယာဉ်မောင်းဖြစ်သူကို ဒဂုံအရှေ့မြို့နယ်စခန်းတွင်
ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ရဲစခန်းတွင်
ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ထို့နောက် ယင်းအမှုအား တရားစွဲဆိုမှုမပြုမီ
တရားရုံးဥပေဒအကြံပေးအရာရှိထံ ဦးစွာတင်ပြပြီး အမှုစစ်ဆေးရမည်ဖြစ်သည်။
ဥပဒေအရာရှိကဆုံးဖြတ်ပြီး အကြံပြုချက်ရရှိပါက ဇွန်လ ၂၆ ရက်တွင်ပင်
တရားစွဲဆိုမည်ဖြစ်သည်။
‘‘ဆေးစာလည်းရပြီဆိုတော့ မနက်ဖြန်ဥပဒေအရာရှိကို အမှု တင်မယ်။ ဥပဒေအရာရှိက
မြန် မြန်ဆန်ဆန်ဆုံးဖြတ်။ အဲဒီနေ့ပဲ ချက်ချင်းတရားစွဲလို့ရရင်တရားစွဲ မယ်။
သူက ချက်ချင်းမဆုံးဖြတ် သေးရင်တော့ ဒုတိယရာမန်ထပ် ယူရပြီး
ထပ်ချုပ်ရမှာပေါ့’’ဟု ဒဂုံမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒဂုံတက္ကသိုလ်ကျောင်းဝင်း အတွင်း ချစ်သူနှင့်စကားများရန် ဖြစ်ပြီး
အချစ်သက်သေပြကာ ယာဉ်တိုက်ခံ၍သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်
ကြောင်းသိရသည်။ အဆိုပါ အခင်းဖြစ်ခဲ့စဉ်က ယင်းကျောင်း သားသည်
အဓိပတိယာဉ်ရှေ့ဦးစွာဖြတ်ပြေးခဲ့ပြီးနောက် အဓိပတိယာဉ်မှရပ်တန့်ခဲ့၍
ယင်းဘီအမ်ကားရှေ့သို့ ထပ်မံဝင်ဖြတ်ပြေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်
သက်သေများထံမှ သတင်းရရှိ သည်။
![]() |
| အခင်းဖြစ်ပွားခဲ့သည့် ဘီအမ်ကား (ဓာတ်ပုံ - DagonUniversity StudentsUnion) |
7Day Daily











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...