<div style='background-color: none transparent;'></div>

Thursday, June 26, 2014

ဂိမ်းအဆော့လွန်၍ မိဘဆူသောကြောင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံး

ဂိမ်းအလွန်ဆော့၍ မိ ခင်ဖြစ်သူက ဆူပူကြိမ်းမောင်းခဲ့ သောကြောင့် န၀မတန်းကျောင်း သားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ ပြီး အဆုံးစီရင်ခဲ့ကြောင်း မြောက်ဒ ဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။

မြောက်ဒဂုံမြို့နယ်(၃၈)ရပ် ကွက်အတွင်း အသက်(၁၄)နှစ်အ ရွယ်ရှိ န၀မတန်းကျောင်းသား တစ်ဦးသည် ဇွန် ၂၄ ရက် နံနက် ၁၀နာရီဝန်းကျင်က ၎င်း၏ နေအိမ်အတွင်းရှိ ဧည့်ခန်းတွင်ပလတ်စတစ်ကြိုးကို အသုံးပြု၍ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဆုံးတာတော့ နေအိမ်မှာပဲ  ဆုံးတာ။ကျောင်းမသွားဘူး။ သူတို့အိမ်မှာတော့ သုံးယောက်ပဲနေ တာ။ သူတို့မိဘတွေကကွမ်းယာ ရောင်းတယ်လေ။ အခင်းဖြစ်တဲ့ နေ့က သူ့အမေကကွမ်းယာဆိုင် မှာ အဖေကထမင်းစားပြန်တော့ တွေ့တာ။ ကလေးက ဂိမ်းအရမ်း ဆော့လို့မဆော့ဖို့ ပြောတာ။အဲဒီမှာ ခံစားချက်ဝင်သွားလို့ နေမှာပေါ့’’ဟု မြောက်ဒဂုံမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 သေဆုံးသူကျောင်းသား သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထက (၃)မှ ကျောင်းသားတစ်ဦးဖြစ်ပြီး  အလောင်းကိုမြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ကလည်းတာမွေ မြို့နယ်အတွင်း ဆယ်ကျော်သက် အမျိုးသားတစ်ဦးကိုအဒေါ်ဖြစ်သူက ဂိမ်းဆော့၍ဆုံးမခဲ့ရာဓားဖြင့်ထိုးခဲ့၍အဒေါ်သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့သည်။

By ဗိုလ်ဗိုလ်ဝင်း / အေးမြတ်သူ
7DAY DAILY


0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...