<div style='background-color: none transparent;'></div>

Wednesday, June 25, 2014

ဘောလုံးပွဲရှုံးကြွေးတွေကြောင့် တရုတ်ကောလိပ် ကျောင်သားတဦး (၇)ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ဒုတိယနှစ် ကောလိပ်ကျောင်းသား တယောက်ဟာ ဘောလုံးပွဲ ရှုံးကြွေးတွေကြောင့် ၇ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံး ခဲ့ပါတယ်။

လင်းလို့ အမည်ရတဲ့ အဲဒီကျောင်းသားဟာ ပိုက်ဆံပြန်ဆပ်ပါ့မယ်။ အတင်းအကြပ်မတောင်းပါနဲ့ စသဖြင့် တယ်လီဖုန်းကို ဆယ်မိနစ်လောက်ကြာအောင် ပြောပီး ချက်ချင်းပဲ ထရပ်လိုက်ပီး ခုန်ချလိုက်တဲ့ အကြောင်း မျက်မြင်တွေကပြောပါတယ်။

အဲဒီကျောင်းသားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်းဆက်တိုက်ဘောလုံးပွဲ လောင်းကြေး ရှုံးခဲ့တာတွေ ရှိတဲ့အကြောင်းနဲ့ ဒေါ်လာ၃ထောင်ကျော် ရှုံးထားပြီး အတိုးများများနဲ့ အကြွေးတွေ ပါတ်လည်ဝိုင်းနေတယ်လို့ နောက်ထပ် ကျောင်းခန်းဖေါ် သူငယ်ချင်းတယောက်က ပြောပါတယ်။

တရုတ်အစိုးရပိုင် ကမ္ဘာ့ဖလားနဲ့ ဆက်စပ်တဲ့ထီရောင်းချမှုဟာ ပြီးခဲ့တဲ့ စနေနေ့ကတော့ ယွမ် သန်းပေါင်း ၄ထောင်။ အမေရိကန်ဒေါ်လာ သန်း၆ရာကျော် အထိရောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၀ကမ္ဘာ့ဖလားက ထီရောင်းကြေးထက် ၂ဆလောက်မြင့်တက်ခဲ့တယ်လို့ တရုတ်မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

DVB TV News

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...