မန္တလေးတိုင်း ဒေသကြီး၊ စက်မှုဇုံ(၂)၊ ကနောင် မင်းသား လမ်းနှင့်
ဖိုးရာဇာလမ်းကြားတွင် ရှိသော ရှင်းယဲစတီး ဂျိုင့်စက်ရုံ၌ ပြီးခဲ့သည့်
မေလဆန်းပိုင်းတွင် အသက်(၁၄)နှစ်အရွယ် အလုပ် သမားဖြစ်သူ ဇင်မာထွေးသည်
လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဘယ်ဘက်လက် ဖြတ်ခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ဖြစ်ခဲ့ရခြင်းကို မဇင် မာထွေးက “သမီးတို့ မိသားစုတွေ
အဆင်မပြေတော့အလုပ်လုပ်ချင် တယ်လို့ အမေကိုပြောတော့ အမေက
လုပ်ချင်လည်းလုပ်ဆိုပြီး သမီးကိုခွင့်ပြုခဲ့တယ်။ ဒီစက်ရုံမှာ ဆင်းပြီး
(၅)ရက်ပဲရှိသေးတယ်။ အလုပ်လုပ်နေချိန်မှာ ဒီလိုဖြစ်ခဲ့ တာပါ”ဟု
၎င်းဖြစ်ခဲ့သည့်ကိစ်္စကို ပြောပြသည်။
မဇင်မာထွေးလုပ်မည့်လုပ်ငန်း ခွင်ကျွမ်းကျင်ရေးအတွက် နာရီ
အနည်းငယ်သာသင်ယူခဲ့ရပြီး လုပ်ငန်းခွင်သို့ဝင်ရောက်လုပ်ကိုင် ခဲ့ရကြောင်း
၎င်းမှဆိုသည်။
အဆိုပါစက်ရုံမှ စက်ရုံမန် နေဂျာဖြစ်သူ ကိုချစ်ကိုက “ဒီကိစ်္စ ကို
အပြည့်အ၀လိုက်လံဆောင်ရွက် ပေးဖို့အတွက် တာဝန်ပေးထားပါ တယ်။
အခုဆေးကုသစရိတ်တွေ ကို အကုန်တာဝန်ယူဆောင်ရွက် ထားပါတယ်။ ဆေးကုသမှုတွေ
ပြီးတဲ့နောက်ပိုင်းကျမှ သူ့ကိုလျော် ကြေးငွေအတိုင်းအတာအဖြစ်
ထောက်ပံ့ကြေးငွေပေးသွားမှာဖြစ်ပါ တယ်”ဟု ပြောသည်။
ဘယ်လက်ဖြတ်ခဲ့ရသည့် မဇင်မာထွေးမှာ ယခုလက်ရှိ အချိန်တွင် ဆေးကုသမှုခံယူနေ ပြီး အရိုးနှင့်အကြောဆေးရုံသို့ ပြသနေရကြောင်း သိရသည်။
မိခင်ဖြစ်သူမှ သမီးရှေ့ရေး အတွက် မည်ကဲ့သို့နေထိုင်သွား မည်ကို မိဘတစ်ဦးအနေဖြင့်စိုးရိမ် ပူပန်မိကြောင်း ပြောသည်။
စက်ရုံပိုင်ရှင်မှ မဇင်မာထွေး ကိုတစ်ခါလာရောက်ကြည့်ရှု၍ စက်ရုံမန်နေဂျာ ကိုချစ်ကိုကို တာဝန်ပေးအပ်ထားသည်ဟု သိ ရသည်။
ခုံသမာဓိကောင်စီအဖွဲ့ဝင် ကိုရဲနိုင်ဝင်းက “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
အသက်(၁၈)နှစ် ပြည့်ပြီးမှ လုပ်ငန်းခွင်ထဲမှာ တာ
ဝန်ထမ်းဆောင်ခိုင်းရမှာဖြစ်တယ်။ အန္တရာယ်ရှိတဲ့လုပ်ငန်းတွေထဲမှာ
အလုပ်လုပ်ရမယ့်သူတွေကိုသေချာ စနစ်တကျသင်တန်းတွေပေးပြီးမှ
လုပ်ခိုင်းသင့်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့စက်ရုံတွေမှာကလေး
လုပ်သားတွေဘယ်လောက်များရှိ နေတယ်ဆိုတာကို စစ်တမ်း ကောက်သင့်နေပါပြီ”ဟု ၎င်း၏
အမြင်ကိုပြောသည်။
စက်ရုံအလုပ်ရုံတချို့တွင် အသေးစားထိခိုက်မှုများနေ့စဉ်ရှိ နေပြီး
ထိုကဲ့သို့ဖြစ်ပေါ်လာပါက ရှေးဦးသူနာပြုဆေးပုံးများထားရှိ ခြင်းမရှိကြောင်း
စက်ရုံအလုပ် သမားတစ်ဦးထံမှ သိရသည်။
“သမီးအရင်လိုပဲ သမီးလက် ကိုပြန်လိုချင်တယ်။ လက်တစ်ဖက် မရှိတော့တဲ့
အခုအ၀တ်အစား လဲရင် အမေနဲ့ သမီးညီမလေးကို အားကိုးနေရတယ်”ဟု မဇင်မာ ထွေးက
၎င်း၏အခက်အခဲများကို ပြောပြခဲ့သည်။
“ကျွန်တော့်သမီးနှင့်သက်တူ ရွယ်တူတွေ၊ ပွဲလမ်းသဘင်တွေကို
ပျော်ပျော်ပါးပါးသွားလာနေတာ တွေ့ရရင် ကျွန်တော့်မှကျိတ်ပြီး
မျက်ရည်ဝဲရတယ်”ဟု ဖခင်ဖြစ်သူ က ဆိုသည်။
မျိုးကျော်
Hot News Journal
Wednesday, June 25, 2014
အရင်လိုပဲ သမီးလက်ကို ပြန်လိုချင်တယ်ဟု ကလေးလုပ်သား မဇင်မာထွေးကပြော
Subscribe to:
Post Comments (Atom)











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...