ထိုင်းနိုင်ငံအလယ်ပိုင်း မဟာာချိုင်လို့ လူသိများတဲ့
စမွတ်စခွန်မြို့နယ်မှာ မြန်မာအလုပ်သမားလို့ ယူဆရသူတဦး အသတ်ခံရပြီး
တက္ကစီကားထဲ လာထည့်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
ဇွန်
၂၄ ရက် မနက် ၁ နာရီလောက်က တက္ကစီကားတစီးပေါ်မှာ လူသေအလောင်း တွေ့ကြောင်း
သတင်းပေးချက်အရ တာဝန်ကျရဲနဲ့ ကုသိုလ်လူမှုကူညီရေးအဖွဲ့တို့က သွားရောက်
စစ်ဆေးခဲ့ကြောင်း၊ ဘန့်နမ့်ကျစ်ရပ်ကွက် ကျတ်ဆန်ဖနန်လမ်းကြား
သံထည်စက်ရုံအနီးမှာ ရပ်ထားတဲ့ တက္ကစီကားတစီး နောက်ဖုံးခန်းထဲကနေ
ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်ရွယ် အမျိုးသားတဦးကို
တွေ့ရှိခဲ့တာလို့ ဘန့်နမ့်ကျစ်ရဲစခန်းက စခန်းမှူး ဗိုလ်မှူကြီး ဆနွန်
ဆွန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။
တက္ကစီကားမောင်းသမားရဲ့ ဖွင့်ဟပြောဆိုချက်အရ သူဟာ
ဧကချိုင်းလမ်းမကြီးပေါ်မှာ တက္ကစီမောင်းနေတုန်း ဆိုင်ကယ်နဲ့ လူတဦးက
ပစ္စည်းတင်ဖို့ ခေါ်သွားကြောင်း၊ သံထည်စက်ရုံနား ရောက်တော့ လူ ၂ ယောက်က
ကားနောက်ဖုံးထဲကို ပစ္စည်းတင်ပြီး ထွက်သွားကြောင်း၊ ဆိုင်ကယ်နဲ့
လာခေါ်တဲ့သူကတော့ တက္ကစီပေါ် ပြန်လိုက်ခဲ့ပြီး တနေရာအရောက် ကိစ္စရှိလို့
ခဏဆင်းမယ်ပြောကာ သူ့ကို တက္ကစီခ ဘတ် ၂၀၀ ပေးပြီး ထွက်သွားကြောင်း၊ ခရီးသည်
ဆင်းသွားတာ ကြာလို့ လိုက်ကြည့်တော့ မတွေ့တော့တာနဲ့ ကားနောက်ဖုံးခန်းကို
ဖွင့်ကြည့်တာမှာ ပလတ်စတစ်ပုံး အနက်ရောက်ထဲ ထည့်ထားတဲ့ လူသေအလောင်းကို
တွေ့လို့ နဂိုနေရာကို ပြန်မောင်းလာခဲ့ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်တာလို့
ဆိုပါတယ်။
အဲဒီအနီးတ၀ိုက်မှာ မြန်မာလူမျိုး အများအပြား စုနေထိုင်တဲ့ အလုပ်သမား
တန်းလျားတွေ ရှိပြီး အခန်းတွေကို လိုက်လံစစ်ဆေးရာမှာ အခန်းတခုမှာ သွေးစ၊
ဘီယာ ပုလင်းတွေနဲ့ အလောင်းထည့်တဲ့ ရေပုံးနဲ့ ဆင်တူတဲ့
တခြားရေပုံးတလုံးပါတွေ့လို့ အခန်းငှား နေသူနဲ့ အခန်းပိုင်ရှင်တွေကိုပါ
ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ စခန်းမှူးရဲ့ အပြောကို ကိုးကားပြီး
ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
နောက်ဆက်တွဲသတင်းနဲ့ ပတ်သက်ပြီး သည်နေရှင်းသတင်းမှာတော့ ဒီအမှုမှာ
ပါဝင်ပတ်သက်နေသူ အသက် ၃၆ နှစ်ရှိ မြန်မာအလုပ်သမား ဦးချစ်ဆန်းမြိုင်နဲ့
အသက် ၂၇ နှစ် ရှိ ကိုသားကြီး တို့ ၂ ဦးကို ဇွန် ၂၄ ရက် ည ၁၀
နာရီကျော်မှာ ဖမ်းမိခဲ့ပြီး ကိုဖုဂျီ ဆိုသူတဦးက ထွက်ပြေး
လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ မြန်မာ အလုပ်သမား နိုင်တွန့်နိုင်ပု
ဖြစ်ကြောင်း၊ အလုပ်သမားကတ်ကိစ္စနဲ့ သူတို့ဆီက ငွေ ဘတ် ၁ သောင်း ၇ ထောင်
ယူထားတာ ပြန်မပေးလို့ စကားများပြီး သံချောင်းနဲ့ ရိုက်သတ်ကြောင်း
ဝန်ခံခဲ့တယ်လို့ စမွတ်စခွန်ခရိုင်ရဲမှူးကြီး ဆုမ်ပွန်းဟွပ်ပန်းယန်း က ဇွန်
၂၅ ရက် သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ဖော်ပြသွားပါတယ်။
by DVB
Thursday, June 26, 2014
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားကို သတ်ပြီး တက္ကစီကားထဲ ထည့်ထား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...