မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀
နာရီခန့်က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် အတိုက်ခံရသူကို
ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားသည်ကို
ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့
အကူအညီတောင်းခံသွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
“တိုက်တာ မှားတယ်။ မှန်တယ် မငြင်းပါဘူး။ ဒဏ်ရာရနေတဲ့သူကို ကူညီဖို့
လူနာတင်ယာဉ်ခေါ်ပြီး ကူညီပေးတာကို လူနာတင်ယာဉ်ပြန်လွှတ်ပြီး မင်းက
ဘာကောင်မို့ လူနာတင်ယာဉ်ခေါ်တာလဲဆိုပြီး ပြဿနာရှာတယ်”ဟု အခင်းဖြစ်ပွားမှုကို
ကူညီသူ ကိုနိုင်လင်းက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားရခြင်းမှာ လမ်းကြောင်းပြောင်းပြန်စီးလာသော
“ကျွန်တော်နဲ့အတူပါတဲ့ သူငယ်ချင်းက ဖုန်းနဲ့
ဓာတ်ပုံရိုက်တာကို ရဲက ဖုန်းကိုလုတော့ ကျွန်တော်တို့ ပြန်လုတယ်။
ဒါပဲရှိတယ်။ ၀တ္တရားနှောင့်ယှက်တာ မရှိဘူး။ မှားတာဆိုလို့ ကျွန်တော်တို့
နည်းနည်း မူးတာပဲရှိတယ်။ ကျွန်တော်တို့ မမိုက်ရိုင်းဘူး။ သူတို့က
တစ်ဖက်သတ်ကို လုပ်သွားတာပါ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာတွင
အဆိုပါ ညတွင် စခန်းသို့
လက်ထိတ်ခတ်ခေါ်ဆောင်လာသည်မှာ ဟုတ်ကြောင်း၊ မူးယစ်နေသဖြင့် လိုအပ်သည့်
အချက်အလက်များ စစ်ဆေးမရသောကြောင့်သာ အချုပ်ခန်းတွင် ထည့်ထားပြီး
မနက်လင်းသောအခါ ကျင့်ထုံးပုဒ်မ-၁၇၀(၁)နှင့် အာမခံပေးခဲ့သည်။
ဝတ္တရားနှောင့်ယှက်မှု ပြစ်မှုဆိုင်ရာ ပုဒ်မ -၅၃၅ ဖြင့် တရားစွဲဆိုနိုင်ရန်
ဥပဒေ အကြံပေးထံ တင်ထားဆဲဖြစ်သောကြောင့် တရားစွဲဆိုထားခြင်း မရှိသေးကြောင်း၊
ရဲအုပ် ထိုက်လင်းစိုးက ဆက်ပြောသည်။
“တိုင်းရဲတပ်ဖွဲ့ကလည်း
ညပိုင်းမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတာဆိုတော့
ဖမ်းခွင့်တော့ရှိပါတယ်။ တိုင်းရဲတပ်ဖွဲ့က ဒု-ရဲအုပ်အောင်စိုးက တရားလို
ပြုတိုင်ထားတာပါ။ ကျွန်တော်တို့ကတော့ ဥပဒေအကြံပြုချက်အတိုင်းပဲ
ဆောင်ရွက်သွားမှာပါ။ ဒီလောက်ပဲ ပြောလို့ရပါတယ်”ဟု ရဲအုပ် ထိုက်လင်းစိုးက
ပြောသည်။
ရဲမှတ်တမ်းတွင် ရေးသားထားသည်များမှာ
မှားယွင်းနေသည်ဟု ကိုနိုင်လင်းမှ ငြင်းဆိုထားပြီး အမှုမှန်ပေါ်ပေါက်စေရန်
ရှေ့နေများကွန်ရက်ကို အကူအညီတောင်းခံသွားမည်ဖြစ်ကြောင
by mizzima
Thursday, June 26, 2014
ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...