မိုဘိုင်း တယ်လီဖုန်းများနှင့် ပတ်သက်၍ မတ္တရာ မြို့နယ်အတွင်း
တည်ဆောက်ပြီးသော တာဝါတိုင်များတွင် လိုအပ်သောစက်များ မည်သည့် ကာလတွင် အပြီး
တပ်ဆင်ပေးမည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းချက်နှင့် ပတ်သက်၍
မတ္တရာ မြို့နယ်အတွင်း GSM BTS မိုဘိုင်းစခန်း လေးခု တိုးချဲ့ တည်ဆောက်လျက်
ရှိပြီး တာဝါတိုင် လုပ်ငန်းများ အားလုံးဆောင်ရွက်ပြီး ဖြစ်ပါသည်။
လိုအပ်သော အဝေးလိုင်း ဆက်ကြောင်း ဆောင်ရွက်လျက်ရှိပြီး
ဇူလိုင်လကုန်ခန့်တွင် ပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
အော်တိုတယ်လီဖုန်းများနှင့်ပတ်သ
ပြည်တွင်း မိုဘိုင်းဖုန်း ပြောဆိုခများကို
တစ်ယူနစ်လျှင် ၅၀ ကျပ်နှုန်းအစား လက်ရှိပြောဆိုခ ၅၀ ကျပ်နှုန်းထက် လျှော့ချ၍
သင့်တော်သော နှုန်းထားဖြင့် ဆောင်ရွက်ပေးရန် ကိစ္စနှင့် ပတ်သက်၍ မကြာမီ
ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သာမက ပြည်ပမှ Telenor နှင့် Oredoo
စသည့် ပြည်ပ အော်ပရေတာကြီး နှစ်ခုနှင့် ပြည်တွင်းမှ ရတနာပုံ
တယ်လီပို့ကုမ္ပဏီ စသည့် အော်ပရေတာ လေးခုတို့မှ ဆက်သွယ်ရေး ကဏ္ဍကို
ဈေးနှုန်းနှင့် ဝန်ဆောင်မှု ယှဉ်ပြိုင် ဆောင်ရွက်သွားကြမည် ဖြစ်သဖြင့်
သုံးစွဲသူ ပြည်သူအများ အလွယ်တကူ ရွေးချယ် ဝယ်ယူ သုံးစွဲနိုင်မည်
ဖြစ်သကဲ့သို့ ခေါ်ဆိုခ နှုန်းထားများလည်း အထိုက်အလျောက်
လျော့ကျလာနိုင်ဖွယ်ရှိမည် ဖြစ်ပါသည်။
အော်တိုတယ်လီဖုန်းများအား
လက်ကိုင်ဖုန်းများကဲ့သို့ ငွေကတ် ထည့်သွင်း ပေးဆောင်နိုင်ရန် အစီအစဉ် ရှိ/
မရှိ သိရှိလိုကြောင်း မေးမြန်းခြင်းနှင့် ပတ်သက်၍ ကြိုးဖုန်းများကို ဘီလ်
ပေးဆောင်ရာတွင် အဆင်ပြေဆုံး ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။
နည်းပညာပိုင်းအရ ရန်ကုန်မြို့တွင်ပင် နေရာအနှံ့ ဆောင်ရွက်ပေးနိုင်ခြင်း
မရှိသေးပါ။ Postpaid စနစ်ကို ဘဏ်စနစ်နှင့် ချိတ်ဆက်၍ အဆင်ပြေအောင်
ဆောင်ရွက်နိုင်မည့် နည်းလမ်းကိုလည်း စမ်းသပ်ကြံဆ ဆောင်ရွက်လျက် ရှိပါသည်။
ငွေကတ်စနစ်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် သုံးစွဲသူအနေဖြင့် သုံးစွဲရာတွင်
အဆင်ပြေ လွယ်ကူလာမည် ဖြစ်သကဲ့သို့ ဌာနအနေဖြင့်လည်း ကြွေးကျန်များ
မရှိသဖြင့် နှစ်ဦး နှစ်ဖက် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ကြိုးဖုန်း ကြိုတင်
ငွေဖြည့်ကတ်စနစ်ကို ရန်ကုန်မြို့တွင် နယ်မြေ လေးခုခန့်သာ ဆောင်ရွက်
ပေးနိုင်သဖြင့် ဆက်လက်၍ ဆောင်ရွက်လျက် ရှိပြီး အခြား နည်းလမ်းများလည်း
စဉ်းစားကြံဆ၍ ဆောင်ရွက်လျက် ရှိပါသည်။
သပိတ်ကျင်းမြို့တွင်
ပင်စာစားများအား SIM Card များ ချထားပေးရာတွင် သပိတ်ကျင်း ဘဏ်တွင် Smart
Card ဖြင့် ထုတ်ယူသူများသာ ရရှိ၍ Smart Card မရှိသူ ပင်စင်စားများ မရရှိပါ။
သပိတ်ကျင်းမြို့နယ်တွင်းရှိ ပင်စင်စား ၁၉ ဦးခန့် SIM Card များ
မရရှိသေးပါကြောင်း တင်ပြခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွ
by MOIWebportalMyanmar
Saturday, June 28, 2014
မိုဘိုင်းဖုန်း ပြောဆိုခများ အထိုက်အလျောက် လျော့ကျလာနိုင်ဖွယ်ရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...