ဇွန် ၂၀ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး
မြို့နယ်၊ ရန်ကုန် မန္တလေး ပုံမှန်လမ်း၊ မိုင်တိုင် ၁၁၉/၁ နှင့် ၂ ကြား
ကျောက်တံခါး မြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့
သံချောင်းများ တင်ဆောင်လျက် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့်
၂၂ ဘီး အနက်ရောင် ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားခဲ့စဉ် ရန်ကုန်ဘက်မှ
မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ်
(စုံစမ်းဆဲ) စားအုန်းဆီပီပါများ တင်ဆောင်လာသည့် ၂၂ ဘီး အဖြူရောင် ယာဉ်မှာ
အရှိန်မထိန်းနိုင်ဘဲ ဘေးမှဝင်ရောက် ချိတ်မိခဲ့၍ ယာဉ်နှစ်စီးလုံး
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ယာဉ်မောင်းနှစ်ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊
မနရမှူး (ကျောက်တံခါး) ရဲမှူး၊ကျောက် တံခါးမြို့မရဲစခန်းမှ စခန်းမှူး၊
ဦးစီးတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊
မီးသတ်ယာဉ်သုံးစီးနှင့် ရွာသူ၊ ရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ
နံနက် ၄ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ လူ၊ တိရစ္ဆာန်များထိခိုက်
သေဆုံးမှုမရှိဘဲ မီးလောင်မှုကြောင့် အနက်ရောင်ယာဉ်မှာ ကိုယ်ထည်အင်ဂျင်နှင့်
သံချောင်းများသာ ကျန်ရှိပြီး ယာဉ်၏ကျန် အစိတ်အပိုင်း အားလုံး
မီးလောင်ဆုံးရှုံးခဲ့၍ ခန့်မှန်းကျပ်ငွေသိန်း ၁၅၀ ခန့်ရှိပြီး
စားသုံးဆီပါများ တင်ဆောင်လာသော၂၂ ဘီး အဖြူရောင် ယာဉ်မှာ လည်းဘော်ဒီ၊
ဖရိန်နှင့် အင်ဂျင်သံထည်များသာ ကျန်ရှိပြီးယာဉ်ပေါ်ပါစား သုံးဆီများနှင့်
ကျန်ယာဉ် အစိတ်အပိုင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ခန့်မှန်းငွေကျပ်
သိန်း၂၅၀ ခန့်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးစလုံးအား အရေးယူ
ပေးရန် ရဲအုပ်သန်းဝင်းအောင်မှ တရားလိုပြုတိုင်တန်းသဖြင့် ဇွန် ၂၁ ရက်နံနက် ၅
နာရီ ၁၅မိနစ်က ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၄ ပြစ်မှု
ပုဒ်မ၂၈၅/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်ကာအမှုအား ရဲအုပ်သန်းဝင်းအောင်မှ
စစ်ဆေး၍ တရားခံယာဉ်မောင်းနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်
ရှိကြောင်းသိရသည်။
by MOIWebportalMyanmar
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...