<div style='background-color: none transparent;'></div>

Tuesday, June 24, 2014

မငိုဘဲ ကျနေသော မျက်ရည်များ.

မငိုပါဘူး
လွမ်းတဲ့အခါဆိုရင်
မျက်ရည်တွေက သူ့အလိုလို
ကျနေခဲ့တာပါ ။

မငိုပါဘူး
သတိရမိတဲ့အချိန်ဆို
မျက်ဝန်းတွေက ဆောင်းမှာကျနေတဲ့ နှင်းစက်တွေလို ။

မငိုပါဘူး
တိုက်ဆိုင်မူတွေကြုံလာတိုင်း
အမှတ်တရတွေပြန်တွေ့တိုင်း
မျက်ဝန်းက သူ့အလိုလို မိုးတွေရွာနေတယ် ။

ုမငိုပါဘူး
ပျော်ရွှင်ကြည်နူးနေကြတဲ့
ချစ်သူစုံတွဲတွေမြင်တိုင်း
မျက်ဝန်းတွေက သူ့အလိုလို မျက်ရည်တွေကျတယ်။

မငိုပါဘူး
အတူတူသွားခဲ့တဲ့နေရာတွေပြန်ရောက်တိုင်း
အတူတူနားထောင်ခဲ့တဲ့သီချင်းသံတွေကြားတိုင်း
မျက်ဝန်းက သူအလိုလိုမျက်ရည်တွေ ခ တယ် ။

မငိုပါဘူး
Message အသစ်ရောက်မလာတော့တဲ့
ဖုန်းNoလေးကြည့်မိတဲ့ခဏ
မျက်ရည်ဆိုတာတွေ သူ့အလိုလိုကြွေကျတယ်။

မငိုပါဘူး
ညအိပ်ယာဝင်ချိန်တိုင်း
Good night လို့ပြောဆိုသံလေး မျှော်လင့်တမ်းတမိတဲ့ခဏ
မျက်ဝန်းတွေက မျက်ရည်တွေကြွေဆင်းတယ်။

မငိုပါဘူး
မီးစိမ်းလေးလင်းလက်မလာတော့တဲ့
အကောင့်လေးကိုငေးမော မိတော့
မျက်ဝန်းတွေက အချိန်အခါမဟုတ် ကြယ်တွေကြွေတယ် ။

မငိုပါဘူး
ဖျားနာချိန်တိုင်း နေမြန်မြန်ကောင်းအောင်းနေနော်လို့
စိတ်ပူစွာပြောဆိုသံလေးပြန်ကြားမိတဲ့ခဏ
မျက်ဝန်းတွေက မြစ်တွေလိုစီးဆင်းတယ်။

ငါမငိုပါဘူးဟာ
လွမ်းမိ ၊ သတိရမိ ၊ တမ်းတမိ ၊ မျှော်လင့်မိချိန်တိုင်း
သူ့အလိုလိုကျနေတဲ့ မျက်ရည်တွေကို ငါမှမထိန်းနိုင်တာ ။

မငိုပါဘူး တကယ်ငါငိုမိတာမဟုတ်ပါဘူးနင်အကြောင်းတွေးမိတိုင်း
နင်နဲ့ပတ်သတ်တာတွေပြန်လည်ကြုံဆုံလာတိုင်း မျက်ရည်ကသူအလိုလိုကျလာတယ် ။

လက်ျာ


by ကဗျာနန်းတော်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...