ချစ်တတ်သူရေ…
သံယောဇဉ်သိ ရင်ထဲရှိပြီ
သတင်းမကြား စာမပါးလဲ
တိုင်တည်သစ္စာ အသဲလွှာမှာ
စဉ်မြဲစူးနစ် မေတ္တာချစ်ဖြင့်
ဝေးနေရလဲ ယုံကြည်မြဲပါ ။
လွမ်းတတ်သူရေ…
မောင့်စိတ်ထဲမေ မြဲရှိနေဟု
ကြင်နာပန္နက် စိုက်ထူရက်သာ
ပြက္ခဒိန်ရွက် ဆုတ်ကာပစ်လဲ
စဉ်မြဲနုသစ် သစ္စာချစ်ဖြင့်
ဘယ်ခါမပြောင်း ချစ်နေကြောင်းပါ ။
မမေ့တတ်သူရေ…
ကြမ္မာရေစက် ကိုယ်စီဆက်လျက်
လျှောက်ဆဲခရီး ရောက်လိမ့်နီးဟု
စိတ်ထဲပုံအပ် မြဲယုံမှတ်မည်
စဉ်မြဲဖူးပွင့် ဂရုဏာချစ်ဖြင့်
ဘယ်လိုဝေးဝေး တကယ်ကိုတွေးလျက်
ဘယ်လောက်ကွာကွာ တမ်း၍ဖွေရှာလျက်ပါ။
်
``ဟန်နီမွန်´´
သံယောဇဉ်သိ ရင်ထဲရှိပြီ
သတင်းမကြား စာမပါးလဲ
တိုင်တည်သစ္စာ အသဲလွှာမှာ
စဉ်မြဲစူးနစ် မေတ္တာချစ်ဖြင့်
ဝေးနေရလဲ ယုံကြည်မြဲပါ ။
လွမ်းတတ်သူရေ…
မောင့်စိတ်ထဲမေ မြဲရှိနေဟု
ကြင်နာပန္နက် စိုက်ထူရက်သာ
ပြက္ခဒိန်ရွက် ဆုတ်ကာပစ်လဲ
စဉ်မြဲနုသစ် သစ္စာချစ်ဖြင့်
ဘယ်ခါမပြောင်း ချစ်နေကြောင်းပါ ။
မမေ့တတ်သူရေ…
ကြမ္မာရေစက် ကိုယ်စီဆက်လျက်
လျှောက်ဆဲခရီး ရောက်လိမ့်နီးဟု
စိတ်ထဲပုံအပ် မြဲယုံမှတ်မည်
စဉ်မြဲဖူးပွင့် ဂရုဏာချစ်ဖြင့်
ဘယ်လိုဝေးဝေး တကယ်ကိုတွေးလျက်
ဘယ်လောက်ကွာကွာ တမ်း၍ဖွေရှာလျက်ပါ။
်
``ဟန်နီမွန်´´
by ကဗျာနန်းတော်











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...