သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ စံပြဈေးရှေ့ရှိ လေးထောင့်ကန်
လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၂ ရက် ည ၉ နာရီခန့်က အသက် ၂၁ နှစ်အရွယ်
လူငယ်တစ်ဦး အသတ်ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ
သိရှိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသားမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီး ကျေးရွာတွင် နေထိုင်သူ ကိုသန့်ဇင်ဦး (ခ)
သားကြီးဆိုသူ ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်း အသက် ၂၂ နှစ်အရွယ် ချစ်စု (ခ)
စိုးကိုကိုဦးထံ ငွေကြေး အကူအညီ တောင်းရာမှ အဆင်မပြေသောကြောင့် ဆဲဆိုခဲ့ရာ
ဓားထိုး အသတ်ခံရခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အငှားယာဉ် မောင်းရာကနေ
သူငယ်ချင်းတွေ ဖြစ်ခဲ့တာ။ ဓားထိုး လူသတ်မှု ဖြစ်တဲ့ညက ပိုက်ဆံချေးတာ
မပေးလို့ ဆဲဆိုတာကို ရှက်ပြီး ပါလာတဲ့ ဓားမြှောင်နဲ့ ချိုင်းအောက်ကို
ထိုးပြီး ထွက်ပြေးသွားတာ။ ညတွင်းချင်း သူနေထိုင်တဲ့ အိမ်ကို
မြို့နယ်ရဲတပ်ဖွဲ့က ဝိုင်းပြီး ဖမ်းခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။
ဓားထိုး အသတ်ခံရသူ၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့
ပို့အပ်ထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၆ ရပ်ကွက်တွင်
နေထိုင်သူ ချစ်စု (ခ) စိုးကိုကိုဦးကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ)
၃၂၁/ ၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။
by thevoiceweekly
Thursday, July 24, 2014
သင်္ဃန်းကျွန်း စံပြဈေးရှေ့တွင် လူငယ်တစ်ဦး အသတ်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...